လှိုင်သာယာမှာ အဖမ်းအဆီးတွေများနေတယ်။ လှိုင်သာယာဖက်ကို သွားစရာရှိလို့သွားမယ်လုပ်တာ ခွေးတွေ လမ်းမှာ ကားကိုတားပြီးဟိုစစ်ဒီစစ်လုပ်နေတယ်လို့ လှိုင်သာယာဖက်မှာ ရှိနေတဲ့သူတွေကဖုန်း ဆက်အကြောင်းကြားတယ်။ ဒီကောင်တွေ ဘာများကလိမ်စေ့ဉာဏ်ဆင်ဦးမလဲမသိဘူး။ အဲဒီဖက်မှာ ကင်းပုန်းလှည့်နေတဲ့ စစ်ခွေးတွေလည်းအများကြီးပဲလို့ကြားတယ်။ လက်နက်ရှိမှ လူတွင်ကျယ်လုပ်ရဲ့ တဲ့ ကောင်တွေကို ဘယ်လိုနည်းနဲ့ အမြစ်ဖြုတ်ရပါ့မလဲဗျာ။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...