ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ စစ်ကောင်စီကို ပစ်မှတ်ထားတဲ့ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်တယ်။ ဒါပေမဲ့ ခွေးတွေ အသေအပျောက်မများဘူး။ ဒါကတော့ စိတ်မကောင်းစရာပဲ။ နိုင်ငံသူနိုင်ငံ သားတွေဟာ ဒီကောင်တွေ သေချင်းဆိုးဖို့နေ့စဉ်နဲ့အမျှဆုတောင်းနေကြရတယ်။ မဟုတ်ရင် ကိုယ်တွေကို နှိပ်စက်လို့ပြီးမှ မဟုတ်တော့ဘူး။ ရန်ကုန်မှာ ပေါက်ကွဲမှုတွေခပ်စိပ်စိပ်ဖြစ်တယ်။ ကိုယ်တွေဖက်ကလုပ် တာလည်းဖြစ်နိုင်သလို အဲဒီခွေးတွေကလည်း လုပ်နိုင်တာပဲ။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...