ဧည့်စာရင်းစစ်လို့ ဧည့်စာရင်းမတိုင်ထားတဲ့သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆီကိုခေါ်သွားတယ်လို့ သိရတယ်။ ကျွန်တော်တို့အိမ်မှာလည်း ဧည့်စာရင်းလာစစ်ပါတယ်။ ကျွန်တော်တို့ကတော့ အိမ်ထောင်စု စာရင်းနဲ့နေတာမို့ ပြဿနာမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ခေါ်ဆောင်သွားတဲ့လူတွေအတွက်တော့ စိတ်ပူမိတယ်။ မနက်မိုးလင်းခါနီးတော့ အားလုံးအေးအေးလူလူပဲပြန်ရောက်လာကြတယ်။ ခေါ်ပြီးသတိ ပေးရုံပါပဲတဲ့။ ဒါပေမဲ့ ကိုယ့်အိမ်မှာကိုယ်နေပြီး ဘယ်ကောင့်ကိုဧည့်စာရင်းတိုင်ရမှာလဲ။
သြဂုတ် ၀၁၊ ၂၀၂၅။ (သောကြာ)
စစ်ကောင်မရှင်ဟာအရေးပေါ်ကာလကို သက်တမ်းမတိုးတော့ပေမယ့်တနိုင်ငံလုံးကို မြို့ပေါင်း၆၃မြို့ကို အရေးပေါ်အခြေအနေကြေညာလိုက်ပါမယ်။အများစုကတော့ တော်လှန်ရေးအင်အားစုတွေ...