အခုရက်ပိုင်း ရန်ကုန်မှာလည်း စစ်ကောင်စီအဖွဲ့တွေသောင်းကျန်းနေတယ်။ စစ်ခွေးတွေဟာ ညဖက် ကင်းလှည့်ပြီးပြည်သူတွေကို မထင်ရင်မထင်သလိုလိုက်လံဖမ်းဆီးနှိပ်စက်နေတယ်။ ဧည့်စာရင်းစစ် တယ်လို့အကြောင်းပြပြီး ပီဒီအက်ဖ်အဖွဲ့ဝင်တွေကိုလိုက်ရှာနေတယ်။ လူငယ်တွေတွေ့ရင် ရိုက်နှက် ကန်ကျောက်သွားတယ်။ တစ်ချို့ကိုဖမ်းခေါ်သွားတယ်။ ဧည့်စာရင်းတဲ့။ ကိုယ့်အိမ်မှာကိုယ်နေပြီး ဧည့်စာရင်းတိုင်ရတာမြန်မာတစ်နိုင်ငံပဲရှိမယ်။ မြန်မာနိုင်ငံမှာတောင်မှာ အဲဒီစစ်ခွေးတွေနဲ့ တွေ့တော့ မှ ရှိတာ။ တော်တော်ကြီးကို စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ပယ်ဖျက်ပြီးသားစနစ်တစ်ခုကို ပြန် အသက်သွင်းနေပြီး သူတို့လုပ်ချင်ရာလုပ်နေကြတာ။
သြဂုတ် ၁၁၊ ၂၀၂၅။ (တနင်္လာ)
ဗန်းမော်မြို့ကိုစစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ဖို့ရေကြောင်းကနေ အင်အားဖြည့်တင်းပြီးနောက်ပိုင်း ပြုလုပ်လာတဲ့တန်ပြန်ထိုးစစ်ကြောင့် KIAကသိမ်းပိုက်ထားတဲ့...