ပီဒီအက်ဖ်တွေရဲ့ခြေလှမ်းက တဖြည်းဖြည်းသွက်လာတယ်လို့ဆိုရမယ်။ ဒါပေမဲ့ သူတို့မှာလည်း လက်နက်အင်အားမရှိသေးတော့ တော်တော်လေးရုန်းကန်နေရတယ်။ စစ်ကောင်စီရဲ့တစ်ချို့စခန်း တွေကို ပီဒီအက်ဖ်အဖွဲ့တွေက အသာစီးတိုက်ခိုက်နိုင်တယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက ပီဒီအက်ဖ်အဖွဲ့ဝင်လူငယ်တွေကို လိုက်လံဖမ်းဆီးနေတုန်းပဲ။ ရပ်ကွက်တွေထဲမှာလည်း မထင်ရင် မထင်သလိုသောင်းကျန်းနေတုန်းပဲ။ အာဏာရှင်စနစ်အမြစ်တွယ်နေသရွေ ကျွန်တော်တို့ပြည်သူလူ ထုရဲ့အခြေအနေက ဆိုးသည်ထက်ဆိုးရွာလာပါလိမ့်မယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...