စစ်ကောင်စီကို မုန်းတီးစွာနဲ့ပဲ ဇူလိုင်လကို အဆုံးသတ်လိုက်ကြရတယ်။ နိုင်ငံနဲ့ပတ်သက်လို့ အပြောင်း အလဲတစ်စုံတစ်ရာမရှိ ပေမယ့် ဘဝပေါင်းများစွာက ပြောင်းလဲပျက်စီးခဲ့ကြရပြီ။ စစ်ခွေးတွေဟာ သူတို့ ပထွေးအတွက်အားကြိုးမာန်တက်ကြိုးစားနေတုန်းပဲ။ ပြည်သူလူထုကို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်နေ တုန်းပဲ။ ရောဂါကြောင့် လူတွေသေဆုံးကြရသလို စစ်ခွေးတွေနှိပ်စက်လို့ ပြည်သူတွေသေဆုံးပေါင်းလည်း များလှပြီ။ ရေကြီးတဲ့ဒဏ်၊ မိုးဒဏ်၊ စစ်ဘေးဒဏ်နဲ့ စစ်ကောင်စီရဲ့ မတရားအနိုင်ကျင့်မှုတွေကို ခြောက်လ ကြာခံစားခဲ့ကြပြီးပြီ။ ရှေ့ဆက်ပြီး ကောင်းမွန်ဖို့မျှော်လင့်နေတုန်းပဲ။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...