ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် စတဲ့ နေရာတွေမှာ ရေကြီးနေတယ်။ ရေကြီးတော့ ကူကယ်ရာမဲ့တွေဖြစ်နေ ကြရတယ်။ ဒုက္ခပေါင်းများစွာပါပဲ။
ရန်ကုန်မှာတော့ ပြည်သူအချင်းချင်းကူညီတဲ့စနစ်တစ်ခုကို အကောင်အထည်ဖော်နေကြတယ်။ ဟိုးအရင် ကိုဗစ်ပထမလှိုင်းကတည်းကနေ အခုအချိန်ထိတော့ အဲဒီစနစ်ကိုလုပ်လာခဲ့ကြတယ်။ ဆန်တွေ၊ ဆီတွေ၊ ဟင်းသီးဟင်းရွက်တွေကို ရပ်ကွက်တွေမှာလိုက်လှူတယ်။ ပိုတဲ့သူကဖြည့်ပေးတယ်။ လိုတဲ့သူကယူသွား တယ်။ ရပ်ကွက်အချို့မှာလုပ်ကြပေမယ့် အချို့နေရာတွေမှာတော့ မအလအုပ်စုကတားဆီးတာမျိုးတွေ ရှိတယ်လို့ မျက်မြင်သက်သေတွေကပြောကြတယ်။
အောက်ဆီဂျင်ပြတ်ပြီးသေဆုံးတဲ့သူတွေများလာလို့ တော်လှန်ရေးအရှိန်လျော့သွားတယ်မထင်ပါနဲ့။ ရသ မျှနည်းလမ်းနဲ့ ဒီမအလအုပ်စုကို ဆန့်ကျင်နေကြရတာပါ။