ရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့ချိန်းပြီးဒီနေ့တော့အပြင်ပြန်ထွက်ဖြစ်တယ်။ စုစုပေါင်း၈ယောက်။ နေရာကတော့ လှည်းတန်းအထိုင်သပိတ်ပေါ့။ရန်ကုန်မှာ၂၂ ရက် ကစပြီး US UN တို့လို အထင်ကရသံရုံးတွေရှေ့သွားဆန္ဒပြလို့မရတော့ဘူး။ သံရုံးတွေရှေ့မှာ ပိတ်ပီးရဲတွေကလုံခြုံရေးယူထား တယ်။ ဆန္ဒပြတဲ့သူတွေကခပ်လှမ်းလှမ်းကပဲနေရာယူလို့ရတော့တယ်။ ဒီအခြေအနေက ရေရှည်ဆို သိပ်တော့ မကောင်းဘူး။ သံရုံးတွေပြည်သူ့အသံစစ်စစ်ကိုမကြားနိုင်တော့ဘူး။ အိတ်ဖွင့်ပေးစာတွေပေးဖို့ အခက်အခဲရှိသွားပြီ။ ဒီနေ့တောင်ဂျပန်သံရုံးရှေ့မှာသံအမတ်ကြီးကိုစာပေးဖို့စောင့်နေတဲ့ Gen Z လေး တွေနဲ့ လုံခြုံရေးတွေပြသာနာတက်ကြသေးတယ်။ လုံခြုံရေးတွေကအရင်လိုသံရုံးနားအကပ် မခံကြဘူး လေ။
လှည်းတန်းမှာတော့အေးဆေးပါပဲ။ အရင်ရက်တွေလောက်လူမများပေမယ့် ၁၁ နာရီလောက်ကျတော့ တိုင်းရင်းသားပေါင်းစုံ သပိတ်စစ်ကြောင်းကြီးတက်လာတယ်။ သူတို့ကလှည်းတန်းမှာပဲခဏ အထိုင်ချ ဟောပြောပွဲတွေဘာတွေလုပ်တော့လူ့ပင်လယ်ကြီးဖြစ်သွားသေးတယ်။ ကျွန်တော်လိုချင်တာလဲအဲ့ဒါပဲ။ လူထုလှုပ်ရှားမှုအရှိန်မကျအောင် ဟောပြောပွဲတွေကိုအခါအားလျော်စွာလုပ်ပေးနိုင်ဖို့လိုတယ်။ အဲ့ဒါမှ ဆန္ဒပြတဲ့ သူတွေစိတ်တက်ကြွလာမှာ။ UN မှာတော့မြန်မာစစ်တပ်ကခန့်ထားတဲ့ ကိုယ်စားလှယ်ဦးမြင့်သူ နုတ်ထွက်သွားပြီလို့သိရတယ်။ သူကခေါင်းရှိတယ်လို့ပြောလို့ရတယ်။ စစ်ကောင်စီမှာက အခုထိ အရေခြုံ အာဏာကိုရူးလို့ကောင်းနေကြတုန်း။ CPRH ကဒေါက်တာဆာဆာက ဦးမြင့်သူကိုယ်စား၂၆ ရက်နေ့မှာ လုပ်မယ့် UN တံခါးပိတ်အစည်းအဝေးကိုတက်မယ်လို့ သတင်းတွေတက်လာတယ်။ ဒေါက်တာ ဆာဆာကို UN ကအသိအမှတ်ပြုလိုက်ပီဆိုရင်တော့ ကျနော်တို့အတွက်သိသာထင်ရှားတဲ့ အရွှေ့ တခုပေါ့။
>>>>>