အာဇာနည်နေ့။ ဒါပေမဲ့ မြို့က ကြေကွဲသံတွေနဲ့တိတ်ဆိတ်လို့။ ကိုဗစ်ကပ်ရောဂါကို အလူးအလဲခံစားနေ ကြရတဲ့အချိန်ပေါ့။ UNHCR ယာဉ်တန်းဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ဒီနေ့ (၁၉.၀၇.၂၀၂၁) မှာ ရောက်ရှိခဲ့တယ်။ မနက်ဖြန်ကနေစပြီး ရက်သတ္တပတ်လုံး UNHCR အနေနဲ့ COVID-19 ကာကွယ်ရေး အတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာတွေအပါအဝင်၊ အစားအစာမဟုတ်တဲ့ ပစ္စည်းတွေအနက်မှ တာပေါ်လင်များ၊ ခြင်ထောင်များ၊ ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို ကူညီ ထောက်ပံ့ဖြန့်ဖြူးသွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒါက ဘာသဘောလဲမသိပေမဲ့ မြန်မာပြည်သူပြည်သားတွေအနေနဲ့ တကယ်ကိုအကူအညီလိုအပ်နေတဲ့အချိန် ဖြစ်တယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...