ကပ်ရောဂါ Covid ကဆိုးရွားလာတယ်။ ဒါပေမဲ့ တော်လှန်ရေးအရှိန်က ရပ်မသွားဘူး။ သင်္ဃန်းကျွန်းမြို့ နယ်မှာရှိတဲ့ တိုက်ခန်းတစ်ချို့ကို စစ်သူပုန်တွေက ၂ နာရီကြာလောက်ဝင်ရောက်ရှာဖွေ ခဲ့ကြတယ်။ ကပ်ရောဂါနဲ့ဆင်းရဲမွဲတေမှုနဲ့ အဆင်မပြေတဲ့ကာလမှာ စစ်သူပုန်နဲ့ ပြည်သူတွေရဲ့တိုက်ပွဲက လည်း ပြင်းထန်လျက်ပါပဲ။ ကျွန်တော်တို့မှာ လက်နက်မရှိပါဘူး။ ဒါပေမဲ့ ဒီစစ်သူပုန်တွေကိုအဆုံးစွန်အ ထိတိုက်ပွဲဝင်သွားမယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်စေရမယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


