ကြက်ဥတွေဈေးတက်တယ်။ အရင်တုန်းက တစ်လုံးကို ၁၀၀ ကျပ်တန်က အခု ၃၀၀ ကျပ်ဖြစ်သွားပြီ။ ဒါ တောင်ဈေးထဲမှာ ပစ္စည်းပြတ်သွားတယ်။ ဂွေးတောက်ရွက်တစ်စည်းကို ၁၀၀ ကနေ အခု ၂၀၀ ဖြစ်သွား ပြီ။ ဒါတောင် ဝယ်ချင်တိုင်းဝယ်လို့မရတော့ဘူး။ ကြက်ဥတို့ ဂွေးတောက်ရွက်တို့က အောက်ဆီဂျင်ရစေ တယ်ဆိုလို့ ဝယ်ကြတာ။ စစ်ကောင်စီကတော့ ကိုဗစ်နဲ့ပတ်သက်လို့ ဘာမှထွေထွေထူးထူးလုပ်ပေးနေ တာမျိုးမရှိဘူး။ ပြည်သူတွေလည်း တစ်နေ့တစ်နေ့ သေဆုံးရတာအများကြီးပဲ။ ကျွန်တော်တို့ဘာဆက် လုပ်ကြရမလဲ။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...