အောက်ဆီဂျင်တွေလိုအပ်နေကြတယ်။ ဆိုရှယ်မီဒီယာပေါ်မှာအကူအညီတောင်းနေတဲ့ပိုစ့်တွေ၊ အောက် ဆီဂျင်အိုးဘယ်မှာရနိုင်မလဲလို့ ရပ်ကွက်ထဲမှာ လိုက်မေးနေတာတွေတွေ့ရတော့ တော်တော်ကြီးစိတ်မ ကောင်းဖြစ်မိတယ်။ ပြည်သူတွေဟာ တော်လှန်ရေးကိုတစ်ဖက် ကိုဗစ်ကိုတစ်ဖက်တိုက်ပွဲဝင်ကြရတယ်။ စစ်သူပုန်တွေဖက်က ထွေထွေထူးထူးဆောင်ရွက်ပေးတာမရှိဘူး။ ဒါ့အပြင် အောက်ဆီဂျင်စက်ရုံတွေကို ပိတ်ခိုင်းတယ်၊ ညဖက် အောက်ဆီဂျင်လိုလို့အရေးပေါ်လိုက်ရှာနေတဲ့သူတွေကို ပစ်သတ်တယ်။ နည်းမျိုး စုံနဲ့ယုတ်မာရက်စက်နေကြပြီ။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


