ဒီနေ့ရန်ကုန်မြို့နေရာအနှံမှာပေါက်ကွဲမှုတွေအမြောက်အများဖြစ်ပွားခဲ့တယ်။လှိုင်သာယာမှာတင်၈ခုထက်မနည်းပေါက်ကွဲခဲ့တယ်။ဒါအပြင်တာမွေ၊သင်ယန်းကျွမ်း၊တောင်ဒဂုံစတဲ့မြို့နယ်တွေမှာလဲအလားတူပဲ။တာမွေကပေါက်ကွဲမှုကတော့နာမည်ကြီးသွားတယ်။လူစည်ကားရာလမ်းမကြီးပေါ်မှာရပ်ထားတဲ့စစ်ကားကိုဗုံးပစ်သွင်းသွားတယ်ပြောတယ်။သေချာတော့အတည်မပြုနိုင်သေးဘူး။ရဲတယောက်သေပြီးစစ်သားငါးယောက်လောက်ဒဏ်ရာအပြင်းအထန်ရသွားတာတော့ကျိန်းသေတယ်။အရင်ကရန်ကုန်မှာဒါမျိုးဖြစ်စဥ်တွေရှိဖူးပေမယ့်ထိထိရောက်ရောက်ဖြစ်မြောက်သွားတာဒါပထမဆုံးပဲ။စစ်ခွေးတွေအတွက်ကတော့တပ်ဝန်းထဲကလွဲလို့ဘယ်နေရာမှမလုံခြုံတော့ဘူး။
တဖက်မှာလဲFAOအစည်းအဝေးမှာစစ်ကောင်စီကိုအသိအမှတ်မပြုပြန်ဘူး။စစ်ကောင်စီဟာနိုင်ငံတကာနယ်ပယ်မှာရှုံးပြီးရင်းရှုံးနေတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


