ကယားပြည်နယ်မှာခုလောလောဆယ်အပစ်ရပ်ထားတော့စစ်ပေးရှောင်ပြည်သူတချို့ကိုယ့်အိမ်ကိုယ်ပြန်လာကြပြီ။မြို့လေးကတော့ရစရာမရှိတော့။လမ်းဘေးမှာလဲစစ်သူပုန်တွေပစ်သတ်ထားတဲ့အလောင်းတွေပြန့်ကျဲလို့။လမ်းမကြီးပေါ်ကအိမ်တွေဆိုအကုန်ပျက်စီးနေတယ်။မပျက်စီးတဲ့အိမ်တွေဆိုလဲဖောက်ထွင်းခံထားရတယ်။မြို့ထဲကကျောင်းတစ်ခုမှာလက်ပြန်ကြိုးအတုတ်ခံရပြီးပစ်သတ်သွားတဲ့အလောင်းတွေဆိုအရိုးပဲကျနိတော့တယ်။ချောင်ကျတဲ့မြို့လေးဆိုတော့ဒါတွေကိုဘယ်သူမှသိပ်မသိကြဘူး။
နိုင်ငံတကာမီဒီယာတွေမှာတော့မနေ့ကမီးလောင်တိုက်အသွင်းခံရတဲ့ရွာလေးသတင်းတွေပွထနေတယ်။ UN US UK တို့ကတော့ထုံးစံအတိုင်းစိုးရိမ်ထိတ်လန့်နေသည်ပေါ့။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...