ရန်ကုန်နဲ့မန္တလေးမှာခုချိန်ထိပျောက်ကြားသပိတ်တွေနေတိုင်းနီးပါးရှိနေတုန်းပဲ။နိုင်ငံအလယ်ပိုင်းကတချို့ကျေးရွာအုပ်စုတွေမှာလဲသပိတ်တွေအားကောင်းနေဆဲပါ။စစ်ကောင်စီကိုဆန့်ကျင်ကြောင်းပြတဲ့နေရာမှာသပိတ်တွေကအရေးပါတဲ့နေရာမှာရှိပါတယ်။ဒါကြောင့်အန္တရာယ်ပေါင်းစုံကြားကပဲဆက်ထွက်နေကြတာပေါ့။ဒီလိုပဲပျောက်ကြားပစ်ခတ်မှုတွေနဲ့ပျောက်ကြားသပိတ်တွေအချိုးညီညီတိုက်ပွဲဝင်နေကြတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...