ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာမှာ ကျေးရွာလုံခြုံရေးယူနေသည့် အရပ်သားလူငယ်များကို အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးခြင်းပြုလုပ်တယ်လို့ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ဇွန်လ ၁၂ ရက်နေ့မှာ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က ဒီမောဆိုမြို့နယ်၊ မြလဲကျေးရွာ တစ်ည စခန်းချပြီး ပြည်သူနေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများကိုခိုးယူသွားတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
“မြလဲရွာမာဝင်ရောက်ပြီး အိမ်ဖောက်တယ်၊ ပစ္စည်းတွေယူတယ်၊ ဖျက်စီးခဲ့တယ်၊ ရွာသူ/သား ရဲ့အစားအသောက်တွေကို စိတ်ကြိုက်စားသောက်ဖျက်စီးပြီး တစ်ညအိပ်ခဲ့တယ် ဒီနေ့မနက် ပြန်လည်ထွက်ခွာပြီး ညနေနေဝင်ပြီးချိန်ပြန်လာတယ် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်ကြောင့် ရွာထဲမှာ ရွာသားတွေဘယ်သူ့မှမရှိကြတော့ပါဘူး “လို့ ၄င်းကပြောပါတယ်။
အလားတူ နန်းမယ်ခုံမြို့နယ်၊ ကျွန်းတောကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပတ်သက်သည်ဟုဆိုကာ အရပ်သားပြည်သူ ၆ ဦးကိုဖမ်းဆီးနှိပ်ဆက်မှုပြုလုပ်သည့်အပြင် ကျေးရွာနေပြည်သူများကိုခြိမ်းခြောက်မှုတွေပြုလုပ်နေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်က ကျွန်းတောကနေတစ်ဆင့် ဝါတောခိုရွာသစ်သို့ဆက်လက်ချီတက်ပြီး ကျေးရွာဘုရားကျောင်းမှာတပ်ဆွဲထားကား ကျေးရွာနေ ပြည်သူများကို စစ်ဆေးမှုပြုတွေ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးခြိမ်းခြောက်တွေတွေကြောင့် ကျေးရွာနေပြည်သူများစိုးရိမ်ထိန့်လန်နေရတဲ့အတွက် ဘေးလွတ်ရာသို့ရှောင်သိမ်းနေရတယ်လို့သိရပါတယ်။
တရုတ်ဖိအားကြောင့် ဖြစ်ပေါ်လာမည့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး သံသယများရှိနေ
တရုတ်ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် မြန်မာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှစ်ဖွဲ့၏...