ကရင်ပြည်နယ်ကမြို့တချို့မှာအာဇာနည်ဗိမာန်တွေကိုစစ်သူပုန်တွေညဘက်ကြီးဘူဒိုဇာနဲ့ထိုးပြီးဖျက်စီးသွားတယ်။အာဇာနည်ဆိုတဲ့စကားလုံးကိုတောင်လက်ခံနိုင်စွမ်းမရှိဖြစ်နေကြတယ်။လုပ်ရပ်တွေဟာအပေါက်အလမ်းမတည့်ကလေးဆန်လွန်းတယ်။
ချင်းပြည်နယ်နဲ့ကယားပြည်နယ်မှာလဲစစ်ကောင်စီဟာအင်အားအလုံးအရင်းဖြည့်တင်းနေတယ်။သူတို့ကိုတော်လှန်နေတဲ့နယ်မြေတွေကိုလေးဖက်လေးတန်ပိတ်ဆို့ပြီးချေမှုန်းမယ့်သဘောရှိတယ်။ကယားမှာဆိုခရစ်ယာန်ဘုရားကျောင်းတွေပါမချန်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...