Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဟားခါးနှင့် ထန်တလန်ဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၃၀ နီးပါး သေဆုံး

ယမန်နေ့(ဇွန်လ ၁၀ ရက်)နေ့က ချင်းပြည်နယ် ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့တွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ဒေသကာကွယ်ရေး ချင်းတပ်ဖွဲ့ များကြား တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ လက်နက်ကိုင် တပ်သား ၃၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

June 13, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နှင့် ဂန့်ဂေါမြို့အကြား လန်တုတ်နှင့် ပီနန်ရွာနားတွင် မနေ့က ညနေ ၃ နာရီ ဝန်းကျင်ခန့် ဂန့် ဂေါဘက်မှ စစ်ကူပေးရန် တက်လာသည့် စစ်ကောင်စီ လက်နက်ကိုင်ယာဉ်တန်းတခုကို Chinland Defense Force (CDF-ဟားခါး)က ချုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းတိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူတဦးက ပြောသည်။
“သူတို့ တက်လာတာကို ကျနော်တို့က ချုံခိုပြီးတော့ တိုက်ခိုက်တာ။ သူတို့ဘက်က တိုက်ပွဲပြီးပြီးချင်း အလောင်းတွေ ထား ခဲ့တယ်။ နောက်ပိုင်းမှာ လာပြန်ယူသွားတယ်။ ကျနော်တို့ အနေနဲ့ လက်နက်တွေ သိမ်းဆည်းနိုင်ဖို့ ကြိုးစားပေးမယ့် အင် အားက မမျှဘူး။ လက်နက်တော့ မသိမ်းမိလိုက်နိုင်ဘူး”ဟု ၎င်းက ပြောသည်။
CDF-ဟားခါးဘက်မှ ထိခိုက်ဒဏ်ရာ ကျဆုံးမှု မရှိခဲ့သည့် ယင်းတိုက်ပွဲသည် သိပ်မကြာသော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ သုံးသဖြင့် ပြင်းထန်သည်ဟု ပြောနိုင်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲ မဖြစ်သော်လည်း စစ် ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေကြောင်း သိရသည်။
“ကျနော်တို့က သေချာ ချောင်းပစ်တာဆိုတော့ မှန်ရင် ပွဲချင်းပြီးပဲ။ အဲဒါကြောင့် ကျနော်တို့ ထုတ်ပြန်ချက်အတိုင်း စစ် ကောင်ဘက် က ၁၀ ယောက်လောက် ကျသွားတာ။ ကျနော်တို့ဘက်က ကံကောင်းထောက်မစွာနဲ့ အထိအခိုက် မရှိ ဘူး”ဟု CDF တပ်ဖွဲ့ ဝင်တဦးက ပြောသည်။
ထို့ပြင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်နှင့် မိုင် ၃၀ အကွာ မွေကိုင်းရွာနားတွင် မနေ့က နံနက် ၁၀ နာရီခန့်တွင် စစ် ကောင်စီတပ်များနှင့် CDF-ထန်တလန်တို့ကြား တိုက်ပွဲဖြစ်ပွားရာ ယင်းတိုက်ပွဲအတွင်း ဗိုလ်ကြီးအဆင့်တဦး အပါအဝင် စစ်ကောင်စီဘက်မှ စုစုပေါင်း ၁၆ ဦး သေဆုံးကြောင်း၊ ၁ ဦး ဒဏ်ရာ အပြင်းအထန်ရကြောင်း သိရသည်။
“စစ်ကောင်စီဘက် တိုက်ပွဲမှာတင် ၁၆ ယောက် ကျတယ်။ နောက်တယောက်က ဒဏ်ရာ တော်တော်ပြင်းလို့ သေမယ် ထင်လို့ ကြေညာချက်မှာ ၁၇ ယောက်လို့ ထည့်လိုက်တာ။ ဗိုလ်ကြီးတယောက်လည်း ပါတယ်။ သူတို့ အလောင်းတောင် မကောက်နိုင်ဘူး။ ကျနော်တို့ဘက်က အလောင်းတွေ မြင်ခဲ့ရတယ်”ဟု ယင်းဖြစ်စဉ်ကို သိရှိသူတဦးက ပြောသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးပြီး CDF-ထန်တလန်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း Chin- land Defense Force က မနေ့က ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထန်တလန်ဒေသတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များသည် ဇွန်လ ၇ ရက်နေ့က စတင်ပြီး အင်အားစုစည်းလာခြင်း ဖြစ်ပြီး တပ်ရင်းတခုစာ စစ်အင်အား ၁၅၀ ဝန်းကျင် ရှိကြောင်း၊ သို့သော် တိုက်ပွဲ ဖြစ်ပါက ပြည်သူများကို ထိခိုက်မည် စိုး သဖြင့် CDF ဘက်က တိုက်ပွဲ မဖော်ခဲ့သော်လည်း စစ်ကောင်စီဘက်က ရွာများသို့ ဝင်ရောက်ပြီး လက်နက်များ အပ်ရန် ခြိမ်းခြောက်လာသဖြင့် ယခုလို တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ ထန်တလန်မြို့ အဝင်တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီ လက်နက်ကိုင် တပ်သား အစောင့်တယောက်မှ မရှိ တော့ကြောင်းလည်း သိရသည်။
ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြမှုများတွင် ပါဝင်ခြင်းနှင့် အခြား အကြောင်းအမျိုးမျိုးတို့ကြောင့် အဖမ်းခံထားရသူ အားလုံးကို အာဏာသိမ်း စစ်ကောင်စီဘက်မှ ခြွင်းချက်မရှိ လွှတ်ပေးရန် CDF ဘက်က တောင်းဆို လိုက်ပြီး မဟုတ်ပါက ချင်းပြည်နယ် နေရာအားလုံးတွင် တိုက်ပွဲများ ဆက်ဖြစ်နေဦးမည်ဟု ပြောသည်။
CDF တပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူတဦးက“သူတို့ရဲ့ လှုပ်ရှားမှုအပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့ ချင်းပြည်သား အကုန် လုံးက စစ်တပ်ကို လက်မခံဘူး။ ကျနော်တို့ ချင်းတွေ အားလုံးက ပုန်ကန်နေတာဆိုတော့ တိုက်ပွဲတွေ ဆက်ဖြစ်မလား ဆိုတာ သူတို့ လှုပ်ရှားမှုအပေါ်မှာပဲ မူတည်တယ်”ဟု ပြောသည်။
၎င်းတို့ဘက်မှ စိတ်ဓါတ်ရေးရာ သာလွန်ပြီး ပြည်သူလူထု၏ ထောက်ခံမှုနှင့် နယ်မြေဒေသ ကျွမ်းကျင်သည့် အားသာချက် ရှိပြီး စစ်ကောင်စီဘက်တွင် လူအင်အားနှင့် လက်နက်အင်အား သာလွန်နေကြောင်း CDF ဘက်က ပြောသည်။
“သူတို့ဆီမှာက တပ်စိတ်လေး တစိတ်မှာတောင် RPG ရယ်၊ လောင်ချာ ၇၉ မမရယ်၊ ပြီးတော့ ၆၀ မမ ရယ် အဲဒီဟာနဲ့ ပါတယ်။ တိုက်ပွဲ ဖြစ်တာနဲ့ အမြဲတန်း တင်ပြီးတော့ အဲဒါတွေနဲ့ အရင် ပစ်တယ်”ဟု CDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဟားခါးနှင့် ထန်တလန်ဒေသ တိုက်ပွဲ ၂ ခုအတွင်း စစ်ကောင်စီဘက်က လက်နက်ကိုင်တပ်ဖွဲ့ ဝင် ၂၇ ဦးအထိ သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူများလည်း ရှိသဖြင့် အနည်းဆုံး ၃၀ ခန့်အထိ သေဆုံးနိုင်ကြောင်း သိရ သည်။
ချင်းပြည်နယ်တွင် တိုက်ပွဲများ စတင်ခဲ့သည့် မင်းတပ်မြို့မှာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး ယခုအခါ ချင်းပြည်နယ် အပေါ်ပိုင်း ဟားခါးနှင့် ထန်တလန်ဒေသများဘက်သို့ပါ တိုက်ပွဲများ ပျံ့ နှံ့လာခြင်း ဖြစ်သည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် မေလ ၂ ရက်နေ့ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့ချိန်အထိ စစ်ကောင်စီ ဘက်မှ သေဆုံးသူ ၂၀ ကျော် အထိ ရှိခဲ့ပြီး ဟားခါးမြို့ ခံ ၉၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
နောက်ပိုင်းတွင် စစ်ကောင်စီတပ်များက အင်အား အများအပြားနှင့် မြို့ ပတ်ပတ်လည်ကိုပါ လုံခြုံရေး ယူလိုက်သဖြင့် မြို့ ပေါ်တွင် တိုက်ပွဲများ မဖော်ဆောင်နိုင်တော့ဘဲ တောနယ်များဘက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English