စစ်ကောင်စီဟာအခြေခံပညာကျောင်းတွေပြန်ဖွင့်ဖို့ကြိုးစားနေပါတယ်။ကလေးတွေကိုကျောင်းအပ်ကြဖို့နိုးဆော်နေပေမယ့်ကျောင်းလာအပ်တဲ့ရာခိုင်နှုန်းကမဖြစ်စလောက်သာရှိပါတယ်။တဖက်မှာကျောင်းတွေဖွင့်ဖို့ကြိုးစားရင်းတဖက်မှာလဲကျောင်းတွေကိုဗုံးခွဲနေတဲ့အချိန်မှာဘယ်မိဘကကိုယ့်ကလေးကိုစိတ်ချလက်ချကျောင်းအပ်ရဲမှာလဲ။ကျောင်းတွေပြန်ဖွင့်မယ့်ကိစ္စမှာလဲစစ်ကောင်စီဟာမအောင်မြင်ဖို့များနေပါတယ်။
ဝမ်းသာစရာသတင်းအနေနဲ့ကတော့ဥရောပကချက်သမ္မတနိုင်ငံဟာNUGကိုတရားဝင်အသိအမှတ်ပြုလိုက်ပါတယ်။အဆိုပါနိုင်ငံဟာNUGကိုတရားဝင်ထောက်ခံတဲ့ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။ရှေ့လျှောက်တခြားနိုင်ငံတွေပါထောက်ခံလာဖို့ရှိနေပါတယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...