Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အာဏာသိမ်းစစ်တပ်ကို စွန့်ခွာလာသည့် CDM စစ်သား ၈၀၀ ခန့်ရှိပြီဟုဆို

Source - Myanmar Now

June 11, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလိုတော့သဖြင့် စစ်တပ်ကို စွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ စစ်သည်အင်အားမှာ ၈၀၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးက ထုတ်ဖော်ပြောကြားသည်။
တပ်တွင်းမှ ထွက်လိုသဖြင့် ဆက်သွယ်အကူအညီတောင်းခံလာသူ အရေအတွက်မှာ တစ်ရက်လျှင် ၅၀ မှ ၆၀ ဦးဝန်းကျင်ရှိပြီး ရာထူးအားဖြင့် ဗိုလ်မှူးအဆင့်အထိ ပါဝင်သည်ဟု တပ်မတော်အရာရှိဟောင်းအချို့နှင့် ပူးပေါင်းကာ တပ်ကိုစွန့်ခွာလိုသူ တပ်မတော်သားများကို ကူညီဆောင်ရွက်ပေးနေသည့် ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
အသက် ၂၉ နှစ်အရွယ် ဗိုလ်ကြီးလင်းထက်အောင်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်ရှိ တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ၅၂၈ တွင် တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ မတ်လနှောင်းပိုင်းတွင် စစ်တပ်ကို စွန့်ခွာပြီး CDM တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
“တချို့တွေကျတော့လည်း လွတ်မြောက်နယ်မြေတွေမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ စစ်သင်တန်းပေးတာတို့ တခြားလုပ်ငန်းတွေလည်း လုပ်နေပါတယ်။ ကျန်တဲ့သူတွေက မီဒီယာကနေလည်းကောင်း သက်ဆိုင်ရာကူညီပေးတဲ့ နေရာတွေမှာလည်းကောင်း အကုန်လုံးပူးပေါင်းဆောင်ရွက်ပေးနေကြပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို ပြောသည်။
CDM တွင်ပါဝင်လာသူ စစ်သည် ၈၀၀ ဝန်းကျင်အနက် ၇၅ ရာခိုင်နှုန်းခန့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွင် ပူးပေါင်းအားဖြည့်သွားမည်ဖြစ်ကာ ကျန်သူများမှာ လက်နက်မကိုင်သော်လည်း လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အတွက် ထောက်ပံ့ကူညီပေးနေကြသည်ဟု ၎င်းက ဆိုသည်။
အရာရှိအဆင့် တပ်မတော်သား ၁၀၀ ခန့်ပါဝင်သော စစ်တပ်ကို စွန့်ခွာလာသူ စစ်သည်များတွင် ရေတပ်နှင့် လေတပ်အပါအဝင် လက်ရုံးတပ်ဖွဲ့များလည်း ပါဝင်ကြောင်း ခြေလျင်နှင့် ခြေမြန်တပ်များမှ CDM ပါဝင်လာမှု နည်းနေသေးကြောင်းလည်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
“သူတို့ထွက်မလာနိုင်တာက ရှေ့တန်းစစ်ဆင်ရေးတာဝန်တွေကို ပို့ဆောင်တာရယ်၊ မိသားစုနဲ့ တကွဲတပြားဖြစ်အောင် လုပ်ဆောင်တာရယ် ဒီအချက်တွေကြောင့် သူတို့အနေနဲ့ ထွက်လာရတာ တော်တော်ကို အားနည်းနေပါတယ်။ ကျွန်တော်တို့ ဒီဘက်ကနေ ပို့ပေးတဲ့ ထုတ်ပြန်ချက်တွေကိုလည်း သူတို့ သိရှိရခြင်းမရှိဘူး။ ဒါတွေက သူတို့ထွက်လာဖို့အတွက် အားနည်းချက်တွေဖြစ်ပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
CDM စစ်သည်များ၏ မိသားစုဝင်များကို ဓားစာခံအဖြစ် တပ်အတွင်း ပိတ်လှောင်ဖမ်းဆီးတတ်သည့် အဖြစ်အပျက်မျိုးများကြောင့်လည်း တပ်ကို စွန့်ခွာရန် တွန့်ဆုတ်နေသူများရှိကြောင်း၊ ယခုလက်ရှိအထိ CDM စစ်သည် ၈၀၀ ဝန်းကျင်အနက် တပ်တွင်း၌ မိသားစုဝင်များ ကျန်ရစ်သူ ၄၀ နှင့် ၅၀ ဝန်းကျင်ရှိကြောင်းလည်း ၎င်းက ပြောသည်။
“ပြင်ပထွက်ခွာတဲ့လူတွေနဲ့ မိသားစုတွေနဲ့ အဆက်အသွယ် လုံးဝမရတော့ဘူး။ အထဲမှာ ဘယ်လိုနေလို့ ဘယ်လိုထိုင်မှန်းလည်း မသိဘူး၊ နောက်ပြီးတော့ သူတို့ကို ထောက်ပံ့တာလည်း မရှိဘူး။ ဒီအတိုင်း သူတို့ရဲ့ ပြင်ပမိသားစုနဲ့လည်း ဆက်သွယ်ခွင့်မပေးဘူး” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
CDM တွင် ပါဝင်လာသည့် စစ်သည်နှင့် အရာရှိများမှာ အသက် ၂၀ နှင့် ၃၅ ဝန်းကျင် လူငယ်များဖြစ်ကြပြီး ဗိုလ်မှူးအဆင့်ရာထူးထက်မြင့်သော လူကြီးပိုင်းတပ်မတော်အရာရှိများ မပါဝင်သေးကြောင်း၊ ၎င်းတို့ ပါဝင်လာနိုင်ခြေမှာလည်း မရှိသလောက် နည်းပါးကြောင်း ၎င်းက ဆိုသည်။
“သူတို့အနေနဲ့ ပါမယ်ဆို မြန်မြန်ဆန်ဆန် ပွဲတစ်ခုပြီးသွားမှာပါ။ သူတို့အနေနဲ့ မပါလို့ အခုလောက်အထိ လက်နက်ကိုင်တော်လှန်ရေးတွေရော ဒီ Defection (တပ်ခွဲထွက်) ကိစ္စတွေရော ကျွန်တော်တို့က အများကြီး ကြိုးစားနေရတာပေါ့။ သူတို့ကတော့ လုံးဝမပါနိုင်ပါဘူး။ ထွက်လာနိုင်ခြေရှိတာကတော့ အလွန်ဆုံး ဗိုလ်မှူးအဆင့်လောက်ပဲ ထွက်လာနိုင်ခြေရှိပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
စစ်တပ်တွင်သာ မဟုတ်ဘဲ အခြားအစိုးရအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများတွင်လည်း CDM တွင် ပါဝင်လာသူ အများစုမှာ လူငယ်နှင့် လူလတ်ပိုင်းများ အများစုဖြစ်သည်။
“အပေါ်ပိုင်းကလူတွေကိုတော့ မျှော်လင့်မထားဘူး။ အပေါ်ပိုင်းရောက်လာလေလေ ဆုံးရှုံးရမှာတွေ ပိုကြောက်လာလေလေပဲ။ ကျွန်တော်တို့ဆို ဘာမှ မရှိခဲ့ဘူး။ ဘာမှမရှိခဲ့တော့ ဘာမှ မကြောက်ခဲ့ဘူး။ အထဲမှာ ရရှိနေတဲ့သူတွေကတော့ ဒါတွေကို ဆုံးရှုံးရမှာ ကြောက်တယ်။ မိသားစုတွေ ပြိုကွဲရမှာ ကြောက်တယ်” ဟု ၎င်းက ပြောသည်။
မတ် ၇ မှစကာ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသည့် စစ်တပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ထက်နေဗလကမူ အာဏာသိမ်းခြင်းသည် နိုင်ငံ၏ အနာဂတ်ကို နောက်ပြန်ဆွဲပစ်လိုက်ခြင်းဟု ဆိုသည်။
“အာဏာသိမ်းလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ခေတ်လူငယ်တွေ အကုန်လုံးမှာ နောက်ပြန်ဆွဲသလို ခံစားရတဲ့ ခံစားချက်ကြီးက အကုန်လုံးသိတယ်။ နောက်ပြန်ဆွဲချမယ်ဆိုတာလည်း ဘယ်သူမှမပြောလည်း အကုန်လုံး သိပြီးသားဖြစ်လိမ့်မယ်” ဟု ချင်းပြည်နယ် တီးတိန်အခြေစိုက် ခြေလျင်တပ်ရင်း (၂၆၉) တွင် ဗိုလ်အဆင့်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူ ၂၄ နှစ်အရွယ် ဗိုလ်ထက်နေဗလက ဆိုသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည့် ပြည်သူလူထုကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ တရားမဝင်ဖမ်းဆီးမှု၊ ထင်ရာစိုင်း၍ လုယူရမ်းကားမှုများ ပြုလုပ်လာသည့်အခါ တပ်မတော်ဟူသည့် အဖွဲ့အစည်း၏ အစိတ်အပိုင်း မဖြစ်လိုတော့ကြောင်း ဗိုလ်ထက်နေဗလက CDM လှုပ်ရှားမှုတွင် ပါဝင်လာရသည့်အကြောင်း ပြောသည်။
“ပြည်သူလူထုက ပေးတဲ့လစာကို ယူပြီးတော့ ပြည်သူလူထုကို ကာကွယ်ရမယ့်အစား ဒီလိုတွေလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအပေါ်မှာ ကျွန်တော်ဆက်ပြီးတော့ တာဝန်မထမ်းဆောင်နိုင်တော့တဲ့အတွက် ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“ကျွန်တော်လည်း နိုင်ငံကိုချစ်တဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးမှာ ကျွန်တော့ရဲ့ စိတ်နဲ့ပဲ ရှေ့ဆက်သွားမယ်။ နောက်ကိုလည်း လှည့်ဖို့ မရှိပါဘူး” ဟုလည်း ဗိုလ်ထက်နေဗလက ထပ်လောင်းပြောဆိုသည်။

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English