မြန်မာတစ်နိုင်ငံလုံးဆန္ဒပြမယ်လို့ သတင်းလွှင့်ထားတဲ့နေ့။ တကယ်တမ်းတော့ ကျွန်တော်တို့ဟာ စိတ်ထဲ ကဆန္ဒအတိုင်းအပြင်ကိုရဲရဲဝံ့ဝံ့ထွက်ပြီး ဆန္ဒထုတ်ဖော်လို့မရပါဘူး။ မြန်မာနိုင်ငံအနှံ့မှာ ပြောက်ကျားစနစ် နဲ့ဆန္ဒထုတ်ဖော်နေကြရပါတယ်။ စစ်အုပ်စုကလည်း ပစ်ခတ်ဖြိုခွင်းဖို့အဆင်သင့်စောင့်နေခဲ့တယ်။ အင်း စိန်၊ လှိုင်သာယာ၊ တာမွေ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ၊ လှိုင်နဲ့ စမ်းချောင်းတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်။ ဘယ်သူ့လက်ချက်မှန်းမသိပါဘူး။ တစ်ဖက်မှာလည်း ရန်ကုန်တစ်မြို့လုံးကို လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေဖမ်းဆီးမှုတွေ ရှိနေပါတယ်။ UN ရဲ့ထုတ်ပြန်ချက်အသစ်တစ်ခုလည်း ဒီနေ့မှာ ထွက်ပေါ်လာတယ်။ ထုံးစံအတိုင်း စိုးရိမ်ပူပန်လျှက်ရှိသည်ပေါ့။ ယူအန်ဟာ မြန်မာအတွက်စိုးရိမ်ရုံကလွဲ လို့ ဘာမှမတတ်နိုင်တဲ့အဖွဲ့အစည်းတစ်ခုဆိုတာ မြန်မာလူမျိုးတွေကောင်းကောင်းသိရှိသွားကြပါပြီ။ ဒီနေ့ အထိ ဘာအကူအညီမှရောက်မလာသလို ကျွန်တော်တို့မျှော်လင့်နေတဲ့ အာတူးပီဆိုတာ ဝေးသည်ထက် ဝေးနေခဲ့ပြီလေ။
ဇန်နဝါရီ ၀၄၊ ၂၀၂၅။ (စနေ)
ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်နဲ့မန္တလေးနေပြည်တော်မြို့ကြီးတွေအလှည့်ကျဝန်အားလျော့ ဓာတ်အားပေးမည့်အစီအစဥ်အသစ်တစ်ခုကို စစ်ကောင်စီကစတင်လိုက်ပါပြီ။ရန်ကုန်ကို လျှပ်စစ်မီးလေးနာရီလာ၊၈နာရီပျက်စနစ်နဲ့ဓာတ်အားပေးမှာဖြစ်ပြီး...