မေလ ၁ ရက်၊ ရုံးပိတ်ရက်။ ဒါပေမဲ့ ပြည်သူတွေကအနားမနေကြဘူး။ နေရာအနှံ့မှာ ဆန္ဒထုတ်ဖော်ပွဲတွေ ကို ပြောက်ကျားစနစ်နဲ့ဆင်နွဲနေတယ်။ ဘတ်စ်ကားစီးရင်း သွေးသစ္စာသီချင်းကိုသီဆိုပြီး အတူတူဆန္ဒပြ ခဲ့ကြသူတွေ၊ မိုးရေထဲမှာ ရန်ကုန်သားတွေပြန်လာပြီဆိုတဲ့ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒထုတ်ဖော်ကြသူတွေ၊ ညဖက်သံဗုံးတီးရင်သေနတ်နဲ့လိုက်ပစ်နေတာကို အံတုပြီး အမှောင်ထုထဲကနေ ဒို့ပြည်သူတွေညီရဲ့လား ဟေ့ လို့အော်ပြီး ဆန့်ကျင်ဆန္ဒပြသူလူငယ်တွေ အားလုံးအားလုံးလေးစားစရာကောင်းလှတယ်။ တစ်ဖက် မှာလည်း စစ်အာဏာရှင်တွေဟာ မိုဘိုင်းဒေတာတွေပြန်လည်ဖွင့်ပေးမယ်တို့၊ ကျောင်းအပ်ရတော့မယ်တို့ ရာထူးတိုးစာမေးပွဲဖြေရမယ်တို့ အစရှိတဲ့ သတင်းအမျိုးမျိုးကိုလွှင့်နေတယ်။ ပြည်သူနဲ့ စစ်သူပုန် တို့ရဲ့ လွန်ဆွဲပွဲမှာ ပြည်သူတွေဖက်ကလုံးဝအလျော့မပေးတဲ့စိတ်ဓါတ်တွေပိုပြီးပေါ်လွင်လာတယ်။ ကျွန်တော် တို့မျှော်လင့်ခဲ့သလို ခဏတာအတွင်းပြီးဆုံးနိုင်မယ့်တိုက်ပွဲတစ်ခုမဟုတ်မှန်း သဘောပေါက်လာပြီး ကြို တင်ပြင်ဆင်မှုတွေကို ပြည်သူတွေဖက်ကပိုပြီး လုပ်လာကြပါတယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...