Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၁၈ ရက်တာအတွင်း လူ ၅၀၀ နီးပါး ဖမ်းဆီးခံထားရ၊ အမှုဖွင့်ထောင်ချခံရသူ တွေလည်းရှိ

February 23, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

တပ်မတော်က အာဏာရယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး ၁၈ ရက်နေ့အထိ သမ္မတနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၅၀၀ နီးပါးအထိ ရှိနေပြီလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော် က ဘီဘီစီကိုပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ စာရင်းတွေအရ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ ဖမ်းဝရမ်းနဲ့ အမှုဖွင့်ခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦး နဲ့ လက်ရှိအချိန်အထိ စုစုပေါင်း (၄၇၇) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ AAPPကကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။

ဒီစာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူစာရင်းပြုစုထားတာဖြစ်ပေမယ့် လက်လှမ်းမမီနိုင်လို့ စာရင်းထဲမပါတဲ့ ဖမ်းဆီးခံရသူတွေလည်းကျန်နေနိုင်သေးတယ်လို့ သူကပြောပါတယ်။

‘ ‘ဒါကတော့ ကျွန်တော်တို့ ဆက်သွယ်လို့ရတဲ့ အတည်ပြုလို့ရတဲ့ စာရင်းပါ။ ဘယ်လိုမှ အတည်ပြုလို့မရတဲ့ လက်လှမ်းမမီတဲ့နေရာတွေမှာအဖမ်းခံရတဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဒီထဲမှာ ၃ယောက်ကတော့ ဖမ်းပြီး တော့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီပေါ့။ အဲဒီထဲမှ မန္တလေးက အလင်္ကာကြယ်ဆရာတော်။ အရင်က တရား ရုံးက လွှတ်ပေးလိုက်တဲ့အမှုကိုပဲ ၁ ရက်နေ့မှာအဲဒီအမှုနဲ့ပြန်စွဲပြီး ထောင်ချလိုက်တာပေါ့။ နောက်တစ် ယောက်တော့ တောင်ငူက NLDက အလုပ်အမှုဆောင် ဦးမင်းဆွေပေါ့။ သူကိုကျတော့ သပိတ်အတွက် သဘာဝဘေးနဲ့ ထောင်ချတယ်။ နောက်တယောက်ကတော့ ကရင်ပြည်နယ်က ဦးစောမောင်ကြည်ပါ။ သူ့ကိုလည်း သပိတ်တွေနဲ့ပတ်သက်ပြီး ထောင်ချထားတာရှိတယ်။”လို့ ကိုအောင်မျိုးကျော်က ပြောပြပါ တယ်။

ဒါ့အပြင် စစ်ကောင်စီပြုတ်ကျရေးအတွက် ဒေသအသီးသီးက သပိတ်ခေါင်းဆောင်တွေကို သဘာဝဘေး ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ထားတာတွေလည်းရှိနေသလို လွှတ်တော်ကိုယ်စားလှယ်အချို့ ကိုလည်း ဝရမ်းထုတ်လို့ ရှောင်နေရတာတွေလည်းရှိနေပါတယ်။

‘ ‘ ဝရမ်းထုတ်လို့ ရှောင်နေတဲ့သူတွေကိုတော့ ကျွန်တော်တို့စာရင်းထဲမှာ လောလောဆယ်မထည့်ထား ဘူး။တချို့ကြတော့ ဘာနဲ့မှအမှုဖွင့်မထားဘူး။ ဒါပေမယ့် တပ်ထဲမှာခေါ်ထားတာတွေလည်းရှိတယ်။ ဘယ်နေရာမှာ ဖမ်းဆီးထားမှန်းမသိသူတွေလည်းရှိတယ်။ အကျယ်ချုပ်နဲ့တပ်ကဖမ်းထားတာတွေ လည်းရှိတယ်။ ဒါမျိုးတွေကတော့ အများကြီးပဲ။”လို့သူကဆက်ပြောပြပါတယ်။

အဲဒီထဲမှာ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးနဲ့ ကိုမင်းသွေးသစ်အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူအများစုမှာ တပ်မတော်က အာဏာစသိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ထိန်းသိမ်းခံထားရ စဉ်ကစလို့ ယနေ့အထိ အဘယ်နေရာမှာ ဖမ်းဆီးထားမှန်းမသိရသေးသလို အဆက်အသွယ်လည်းမရ ဘူးလို့ မိသားစုဝင်အချို့ကထုတ်ဖော် ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်းကစပြီး ဆန္ဒပြသပိတ်ခေါင်းဆောင်တွေကိုဖမ်းဆီးတာအပြင် အာဏာရှင်ကို တော်လှန်တဲ့ CDM လူထုအာခံတဲ့လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကိုဖမ်းဆီး ထားတာလည်း ရှိနေပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မနက်ပိုင်းကလည်း မြစ်ကြီးနားမြို့မှာ ဆန္ဒပြပွဲသွားဖို့ မြစ်ကြီးနား ပညာရေး ကောလိပ်ရှေ့မှာ လူစုနေတဲ့ သူနာပြုနဲ့ ကျောင်းဆရာမအချို့ကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင် သွားတာတွေ လည်းရှိတယ်လို့ မျက်မြင်တွေ့ခဲ့ရသူအချို့ရဲ့ပြော ကြားချက်အရ သိရပါတယ်။

ကိုးကား- BBC

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English