အင်တာနက်လိုင်းဖြတ်တောက်ခံရတာကြောင့် သတင်းစီးဆင်းမှုအဆက်အသွယ်ပြတ်သွားတယ်။ CRPH ဘာလုပ်နေသလဲ၊ ဒေါက်တာဆာဆာဘာလုပ်နေသလဲသိချင်နေမိတယ်။ အဲဒါနဲ့ အင်တာနက်လိုင်းရတဲ့ နေရာဆီကိုသွားပြီး ဟိုဟိုဒီဒီရှာဖွေကြည့်တော့ သိပ်ထူးခြားတာမတွေ့ရဘူး။
CRPH က အစိုးရဖွဲ့မယ်လို့ကြေညာထားတာ အခု ဒုတိယအပတ်ထဲကိုရောက်လာပြီး ထွေထွေထူးထူး ကြေညာချက်မတွေ့ရဘူး။ ဖယ်ဒရယ်အာမီဖြစ်ဖို့တော့ ထင်သလောက်မလွယ်ကူးမှန်းသိပါတယ်။ ဒါနဲ့ များ CRPH က ဘာလို့ကြေညာထားသလဲမေးစရာရှိတယ်။ ထူးဆန်းတယ်။ နိုင်ငံရေးက မှန်းလို့မရဘူး။ သေချာတာတစ်ခုက CPRH က ဒီထက်ပိုပြီးခြေလှမ်းမြန်ဖို့လိုတယ်လို့ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ CDM တွေ တောင့်မခံနိုင်တော့ဘူး။ ရပ်ကွက်ထဲမှာ ဧည့်စာရင်းတိုင်တဲ့သူတွေများလာပြီ။ စစ်သူပုန်တွေရဲ့ ခြေလှမ်းက တစ်လှမ်းချင်းစိပ်လာသလို ပြည်သူတွေကလည်း အကြောက်တရားလွှမ်းမိုးလာပြီ။ ဘာဆက် လုပ်ရမလဲမသိတော့လောက်အောင် အနာဂတ်ဟာ ပျောက်ဆုံးနေမိတယ်။