ဒီနေ့အတွက်အဟော့ဆုံးကတော့ CNN သတင်းထောက်သတင်းပဲ။
သူမဟာမနေ့ညကမြန်မာပြည်ရောက်လာပြီး ဒီနေ့ရန်ကုန်မြို့မှာစစ်တပ်အစောင့်အရှောက်တွေနဲ့ လှည့်လည်သတင်းယူတယ်။ သူမ ရောက်လာမယ့်သတင်းကိုပြည်သူတွေကြိုသိထားတဲ့အတွက် တစ်နေကုန်နီးပါး ရန်ကုန်တစ်မြို့လုံးသံပုံးတွေတီး၊ ကားဟွန်းညံတွေဆူညံပြီးဆန္ဒထုတ်ဖော်ကြတယ်။ ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ သူမ ရဲ့ အင်စတာဂရမ် နဲ့ ဖေ့ဘုတ်မှာ ချက်ချင်းတင်ထားတာကို တွေ့ရတယ်။ ရန်ကုန်မြို့နေရာတော်တော်များများမှာလည်းလူတွေလမ်းပေါ်ပြန်ထွက်လာကြတယ်။ ဒီနေ့ CNN သတင်းထောက်ရောက်နေလို့စစ်တပ်ကအပစ်အခတ်သိပ်မရှိဘူးလေ။
မနက်ဖြန်ကတော့အရေးတော်ပုံအတွက်အလှည့်အပြောင်းတစ်ခုဖြစ်မယ့်နေ့ပဲ။ CRPH က၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး တရားဝင်အစိုးရတရပ်ဖွဲ့မယ်လို့ကြေငြာထားတယ်။ ဘယ်သူ တွေနဲ့ ဘယ်လိုပုံစံဖွဲ့စည်းမှာလဲ၊ ဖက်ထရယ်တပ်မတော်ရောတခါထဲပါလာမှာလားဆိုတာတော့ ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပေါ့။