မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ပြီးနောက် သေဆုံးသူအရေအတွက်ဟာ လေးဆယ်ကျော်ရှိလာပါပြီ။ ဒါ့အပြင် ဒဏ်ရာရသူတွေ ဆေးမကုနိုင်အောင် ဆက်တိုက် ဆိုသလို မုံရွာမြို့ ထဲကနေ နောက်ထပ် ပါရာမော်တာနှစ်စီး ထပ်မံ ပျံတက်လာပြီး မုံရွာနယ် အရှေ့တောင်ခြမ်းနဲ့ အရှေ့ခြမ်းနေရာတွေကို ဗုံးကြဲနေသလို မုံရွာမြို့အဝင် ဂိတ်နဲ့ အမြောက်တပ်ကနေလည်း လက်နက်ကြီးနဲ့ မရပ်မနား ရမ်းကား ပစ်ခတ်နေတယ်။
စစ်အုပ်စုက ပါရာမော်တာနဲ့ ဗုံးကြဲသတ်လို့ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများအပြား ရှိပြီး အဲ့ဒီ ဒဏ်ရာရသူတွေကို ဆေးဝါးကုသနိုင်ဖို့ အခက်အခဲ ဖြစ်နေကာ စစ်အုပ်စုက အခုလို ဆက်လက် ဗုံးကြဲ၊ လက်နက်ကြီးထုလို့ ဒဏ်ရာရသူတွေ ဆေးဝါးကုသနိုင်ရေး ပိုမို အခက်တွေ့စေတယ်။ အရင်က စစ်အုပ်စုဟာ ပြည်သူတွေကိုအစုလိုက်အပြုံလိုက် လေကြောင်းကဗုံးကြဲသတ်ဖြတ်မှုအတွက် လေယာဥ်တွေကိုသာ အသုံးပြုခဲ့ပေမယ့် အခုဖြစ်ရပ်မှာတော့ စက်တပ်လေထီးနဲ့ ပထမဆုံးဗုံးကြဲသတ်ဖြတ်မှုဖြစ်သွားပါပြီ။ တော်လှန်ရေးအင်အားစုတွေဘက်မှာလဲ လက်နက်နဲ့ နည်းပညာအားနည်းမှုကြောင့် စက်တပ်လေထီးတွေကိုတောင် အခုချိန်ထိမတားဆီးနိုင်သေးပါဘူး။


