ငလျင်ကြီးလှုပ်တာငါးရက်လောက်ကြာသွားပြီဆိုတော့ ပိတ်မိသူတွေထဲမှာ အသက်ရှင်ကျန်ရစ်သူတွေတွေ့ဖို့ အခွင့်အလမ်းမရှိသလောက်ဖြစ်သွားပါပြီ။ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလဲ စစ်ကောင်စီကဘာတစ်ခုမှလုပ်ပေးတာမရှိပဲ နိုင်ငံတကာကစေလွတ်လိုက်တဲ့အဖွဲ့တွေကိုသာ အားကိုးနေရတယ်။ထိုအဖွဲ့တွေဟာ အပျက်အစီးကြီးမားတဲ့ မန္တလေး၊စစ်ကိုင်းနဲ့နေပြည်တော်မြို့တွေမှာသာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ပြီး ကျန်တဲ့မြို့လေးတွေကို စေလွတ်နိုင်ခြင်းမရှိပါဘူး။
ငလျင်ဒဏ်သင့်ဒေသတွေကို တနိုင်ငံလုံးကပြည်သူတွေကလဲ ဝိုင်းဝန်းကူညီနေကြပါတယ်။ဒါပေမယ့် ပြည်သူတွေကိုယ်တိုင်က စီးပွားရေးကြပ်တည်းနေတဲ့အတွက် လုံလောက်ခြင်းမရှိပါဘူး။လေ့လာသူတွေကတော့ ငလျင်ကြီးကြောင့် GDPရဲ့၇၀ ရာခိုင်နှုန်းအထိ ထိခိုက်သွားပြီးဆယ်စုနှစ်နဲ့ချီကာ ပြန်လည်တည်ဆောက်ယူရမယ်လို့ ခန့်မှန်းထားကြတယ်။