ချင်းပြည်နယ်ကို အိန္ဒိယကသူတို့နိုင်ငံနှင့်ပေါင်းရန် ချင်းတော်လှန်ရေးခေါင်းဆောင်တွေကို ကမ်းလှမ်းလာပါတယ်။ချင်းပြည်နယ်ကတော်လှန်ရေးအဖွဲ့နှစ်ခု အိန္ဒိယနိုင်ငံအတွင်းတွေ့ဆုံမှု ပြုလုပ်အပြီးမှာအခုလိုကမ်းလှမ်းလာတာပါ။ချင်းခေါင်းဆောင်တွေကတော့ ထိုကမ်းလှမ်းချက်ကိုပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပြီးမြန်မာပြည်မှာဖက်ထရယ်ဒီမိုကရေစီရရှိရေးအတွက်ပဲ တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားလိုက်တယ်။ဒါ့အပြင် အိန္ဒိယလွတ်တော်အမတ်တစ်ယောက်ကလဲ စစ်ကိုင်းတိုင်းကဘော်ချိုင့်ဝှမ်းဒေသကို သူတို့နိုင်ငံထဲသွတ်သွင်းဖို့အိန္ဒိယအစိုးရကို တောင်းဆိုထားတယ်လို့သိရတယ်။ထိုစည်းရုံးသိမ်းသွင်းမှုတွေတောင်းဆိုမှုတွေဟာ အခုပြည်တွင်းစစ်ပြင်းထန်နေတဲ့ကာလမှ ပေါ်လာတာဖြစ်ပြီးအိန္ဒိယရဲ့နောက်ကျောကို ဓားနဲ့ထိုးမယ့်အကြံအစည်ကို မြင်တွေ့ခွင့်ရလိုက်တာပေါ့။ပြည်တွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ ထိုအကြံအစည် လက်မခံမှာသေချာပါတယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


