တရုတ်ရေနက်ဆိပ်ကမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအစပြုရာကျောက်ဖြူမြို့ကို အေအေတပ်တော်ကစတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ကျောက်ဖြူမြို့မှာစစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်လဲ တည်ရှိနေပါတယ်။တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုတွေရှိနေတာကြောင့် အေအေကတိုက်ခိုက်မှာမဟုတ်ဘူးလို့ ထင်ရပေမယ့် အခုထိုးစစ်စတင်လာတာပါ။ပြီးခဲ့တဲ့အပတ်ကလဲ အေအေကမြို့တော်စစ်တွေကို စတင်တိုက်ခိုက်ခဲ့ပါသေးတယ်။ဒါ့ကြောင့်ရခိုင်ပြည်နယ်မှာ တိုက်ပွဲမဖြစ်တဲ့မြို့မရှိတော့ပါဘူး။ကျောက်ဖြူနဲ့စစ်တွေကိုလဲ ဘယ်လိုဗျူဟာတွေသုံးပြီးအေအေက သိမ်းပိုက်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပဲ။
ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)
ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ...