အမေရိကန်မှာဒေါ်နယ်ထရန့်သမ္မတဖြစ်လာပြီးနောက် သူ့နိုင်ငံမှာအကြောင်းအမျိုးမျိုးနဲ့ခိုလှုံနေတဲ့အခြားနိုင်ငံသားတွေကို ဖမ်းဆီးပြီးပြန်လွတ်နေတဲ့အပြင်အမေရိကန်ထဲရောက်လာမယ့် နောက်ထပ်ဒုက္ခသည်တွေကို ခိုလှုံခွင့်မပေးတော့ပါဘူး။ဒါကြောင့်ထိုင်းနယ်စပ်ကနေအမေရိကန်ကို ခုံလှုံခွင့်ရဖို့စောင့်ဆိုင်းနေတဲ့ မြန်မာဒုက္ခသည်တွေကို အကျိုးသက်ရောက်မှုများစွာရှိလာစေပါတယ်။စစ်ကောင်စီမင်းမူနေတဲ့အတွက်မြန်မာပြည်ကိုလဲ ပြန်လို့မရတော့တာကြောင့်ဒီအရေးအခင်းကြီးမပြီးမချင်း နယ်စပ်မှာပဲသောင်တင်နေတော့မှာပါ။
ဒီထက်ပိုဆိုးတာကဒေါ်နယ်ထရန့်ဟာ အမေရိကန်ကနိုင်ငံတကာလူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ကြီးဖြစ်တဲ့ USAIDရဲ့ရံပုံငွေတွေကိုရုတ်တရက် ဖြတ်တောက်လိုက်တာကြောင့်ထိုဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ရုတ်ချည်းရပ်တန့်သွားတယ်။နယ်စပ်မှာအကူအညီပေးနေတဲ့ ဆေးရုံ၊ဆေးခန်းတွေပိတ်လိုက်ရတာကြောင့် အရေးပေါ်လူနာတွေ သေဆုံးမှုတွေရှိလာတယ်။ထိုပြည်သူတွေအများစုဟာ စစ်ရှောင်သူတွေဖြစ်ပြီးအခုတော့ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ကုန်ကြပြီ။