ဇန်နဝါရီ ၂၆၊ ၂၀၂၅။ (တနင်္ဂနွေ)
အတင်းအဓ္ဓမစစ်မှုထမ်းဥပဒေ ပြဌာန်းပြီးတစ်နှစ်ခန့်အကြာမှာနည်းဥပဒေပေါ်ထွက်လာပါပြီ။ထိုနည်းဥပဒေထဲမှာတော့ စစ်မှုထမ်းခေါ်ယူမှုအတွက်အသေးစိတ်ဖော်ပြထားတယ်။အချက်အတော်များများမှာတော့လူငယ်တွေကို လွတ်လမ်းမရှိအောင်ပိတ်ဖမ်းထားတယ်။
စစ်မှုထမ်းဖို့ခေါ်တဲ့အချိန်ထွက်ပြေးရင်ထောင်၃နှစ်ကျမှာဖြစ်ပြီး ထောင်ကလွတ်လာရင်လဲစစ်မှုထမ်းရမှာပါ။ပြည်ပထွက်ပြေးမယ့်လူငယ်တွေကိုလဲ အလွတ်မပေးတော့ပါဘူး။အသက်၁၈နှစ်မှ၃၅နှစ်အတွင်းလူငယ်တွေ ပြည်ပထွက်ချင်ရင်စစ်ကောင်စီရဲ့ခွင့်ပြုချက်ရမှ ထွက်လို့ရတော့မှာပါ။လက်ရှိပြည်ပမှာရောက်နေတဲ့လူငယ်တွေလဲ ပတ်စပို့စ်သက်တမ်းတိုးချင်ရင်စစ်ကောင်စီရဲ့ခွင့်ပြုချက်လိုလာပါပြီ။စစ်မှုမထမ်းချင်လို့ ပြည်ပရောက်နေလဲစစ်ကောင်စီဆင့်ခေါ်ရင် ပြည်တွင်းပြန်လာပြီးစစ်မှုထမ်းရမှာပါ။မဟုတ်ရင်ပတ်စပို့ သက်တမ်းတိုးမပေးတော့ပါဘူး။ဒါ့အပြင်အမျိုးသမီးစစ်မှုထမ်းတွေကို ခေါ်ယူတော့မယ်လို့သိရတယ်။မိန်းကလေးတွေပါ အလွတ်မပေးတော့ပါဘူး။မြန်မာပြည်ကလူငယ်တွေအတွက်တော့ ထိုနည်းဥပဒေဟာအိပ်မက်ဆိုးတစ်ခုပါပဲ။ဘယ်လိုပြေးပြေးမလွတ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါပြီ။