ဇန်နဝါရီလ၁၆ရက်မှာပြန်လည်ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်တွေ့ဆုံံမှုအပြီးမှာစစ်ကောင်စီနဲ့ရှမ်းမြောက်က EAOတစ်ခုဖြစ်တဲ့MNDAAတို့တရားဝင်အပစ်ရပ်ဖို့သဘောတူညီချက်ရသွားပြီလို့ ကြားဝင်ညှိိနှိုင်းပေးတဲ့တရုတ်နိုင်ငံကဒီနေ့မှာထုတ်ပြန်လိုက်ပါတယ်။အပစ်ရပ်ဖို့ သဘောတူညီချက်ရအပြီးမှာပဲ MNDAAကိုပိတ်ဆို့ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို တရုတ်ဘက်ကဖွင့်ပေးလိုက်တယ်။တွေ့ဆုံံပွဲရလဒ်တွေကို အသေးစိတ်မသိရသေးပေမယ့်MNDAAက ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေကို လွတ်ပေးဖို့သဘောတူခဲ့ပါတယ်။ဒါ့အပြင်အရှေ့တောင်တိုင်းစစ်ဌာနချုပ်မြို့ဖြစ်တဲ့ လားရှိုးကနေလာမယ့်ဇွန်လနောက်ဆုံးထားပြီး MNDAAဘက်ကဆုတ်ခွာပေးရမယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။
တရုတ်ဖက်ကအတင်းဖိအားပေးပြီး နှစ်ဖက်တွေ့ဆုံံဆွေးနွေးခိုင်းလို့နောက်ဆုံးမှာ အခုလိုအပစ်ရပ်ဖို့သဘောတူညီချက်ရရှိလာတာပါ။၁၀၂၇စစ်ဆင်ရေးပထမပိုင်းတုန်းကလဲ တရုတ်ရဲ့ဖိအားပေးမှုကြောင့်MNDAAနဲ့TLNAတို့ အပစ်ရပ်ခဲ့ရပေမယ့်ငါးလခန့်သာခံခဲ့တာပါ။အခုသဘောတူညီမှုမှာတော့ TLNAအဖွဲ့ပါမလာသေးပါဘူး။အပစ်ရပ်ကာလဟာလဲ ဘယ်လောက်ခံမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။