အဆိုးရွားဆုံးလျှပ်စစ်ဓာတ်အားပြတ်တောက်မှုအခြေအနေကို ပြည်သူတွေနဖူးတွေ့ဒူးတွေ့ခံစားနေရပါပြီ။မနက်မိုးလင်းအိပ်ရာနိုးလာလဲ မီးကမလာ၊ညအိပ်ရာဝင်ရင်လဲမီးမလာပါဘူး။အလုပ်သွားချိန်နဲ့အပြင်သွားချိန်တွေမှာသာ ခဏတဖြုတ်မီးလာတဲ့အခြေအနေဖြစ်နေတယ်။အိမ်မှာတနေကုန်နေရတဲ့အိမ်ရှင်မတွေကတော့ မီးပေးအချိန်ဇယားကိုကြည့်ပြီး လျှပ်စစ်မီးလာတဲ့အချိန်ဆိုညသန်းခေါင်တောင်မအိပ်နိုင်ပဲအိမ်အလုပ်တွေလုပ်ကြရတယ်။
လက်ရှိ ဆိုးရွားလာတဲ့ လျှပ်စစ်မီးအခြေအနေကြောင့် မြို့ပြနေပြည်သူတွေအပေါ်နောက်ဆက်တွဲ အကျိုးသက်ရောက်မှုအတော်ကြီးမားလာနိုင်ပါတယ်။ နွေရာသီမှာဆို အပူရှပ်နိုင်တယ်၊ ရေဓါတ်ခမ်းခြောက်နိုင်တယ်။ မီးလာချိန်နည်းတာကြောင့် ရေကောင်းကောင်းတင်မရလို့ လူတွေရဲ့ တကိုယ်ရည် သန့်ရှင်းမှု လျော့ကျမယ်။ စိတ်ဓါတ်ကျဆင်းမယ်၊ ဒေါသထွက်မယ်။ မီးပွိုင့်တွေပျက်လို့ ခရီးတွေနှောင့်နှေးမယ်။ ယာဥ်အန္တရာယ်တွေပိုများလာမယ်။မီးပျက်လို့ ကောင်းစွာအိပ်မရလို့ စိတ်အနှောက်အရှက်ကြောင့် Stress တက်မယ်၊ ဒေါသကြီးမယ်။ လူ့စွမ်းအားကျဆင်းမယ်၊ထုတ်ကုန်ကျဆင်းမယ်။ ကလေး နဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးထိခိုက်မယ်။မီးဘေးအန္တရာယ် နှစ်ဆပိုလာနိုင်တယ်။ မီးလာချိန် စုပြုံဆွဲကြလို့ လျပ်စစ်ရှော့တွေပိုဖြစ်နိုင်တယ်။ မီးအတွက်အပိုကုန်ကြရလို့ ထွက်ငွေနှစ်ဆပိုများလာမယ်။ အာဟာရအတွက်သုံးတဲ့ငွေကို မီးအတွက်ခွဲပေးရလို့ လူတွေရဲ့ ကျမ်းမာရေးအဆင့် ကျဆင်းမယ်။ ကျဉ်းကြပ်တဲ့ မြို့ပြရဲ့ မီးမလုံလောက်ခြင်းဟာ နယ်ထက် စီးပွါးရေး လူမှုရေး ကျမ်းမာရေး ထိခိုက်နစ်နာမှုပိုများတယ်။