ရာဇဝတ်ကောင်သူရိန်ထွန်းရဲ့ဖြစ်စဥ်ကိုကြည့်ရင် အကြမ်းဖက်စစ်တပ်မှာရာထူးကြီးပိုင်းကိုရလာသူတွေဟာ နိုင်ငံနဲ့ပြည်သူတွေအပေါ်တစ်ခုမဟုတ်တစ်ခု ကျူးလွန်ထားကြသူတွေချည်းပါပဲ။ထိုသူတွေဟာခိုးမှု၊လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေကိုပျော်ပျော်ကြီးကျူးလွန်ပြီး ပြစ်ဒဏ်ကကင်းလွတ်ခွင့်ရနေတာ အစဥ်အလာလိုတောင်ဖြစ်နေပြီ။၁၉၆၂ခုနှစ်ဗိုလ်ချုပ်နေဝင်းစစ်အာဏာသိမ်းပြီးကတည်းက တောက်လျှောက်စစ်တပ်ကပဲတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တော့ စစ်ဗိုလ်ချုပ်တွေကျူးလွန်ခဲ့တဲ့အမှုပေါင်းစုံကို သူတို့အချင်းချင်းမသိချင်ယောင်ဆောင်ထားခဲ့ကြတယ်လေ။ဘယ်သူမှပြစ်ဒဏ်မခံခဲ့ရတော့ ပြည်သူအပေါ်အနိုင်ကျင့်စော်ကားနှိပ်စက်တာဟာ သူတို့အတွက်ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုလိုတောင်ဖြစ်လာတယ်။
အခုနွေဦးတော်လှန်ရေးမှာတော့ ဒီအစဥ်အလာကနေသွေဖယ်လာပါပြီ။စစ်ရာဇဝတ်ကောင်ဗိုလ်ချုပ်တွေ၊ဗိုလ်မှုးချုပ်တွေကိုတော်လှန်ရေးတပ်တွေက တိုက်ပွဲတွေမှာလက်ရဖမ်းဆီးမိလာကြတယ်။ဥပမာအားဖြင့်မောင်တောမှာ သူရိန်ထွန်းနဲ့လားရှိုးတုန်းကလဲအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုးဗိုလ်ချုပ်တစ်ဦးက အရှင်ဖမ်းမိခဲ့သေးတယ်။တိုက်ပွဲတွေအတွင်းသေဆုံးသွားကြတဲ့ စစ်တပ်ဘက်ကရာထူးကြီးပိုင်းတွေလဲမနည်းမနောပါပဲ။နွေဦးတော်လှန်ရေးကြီးအောင်မြင်သွားရင်တော့ ထိပ်ဆုံးကမင်းအောင်လှိုင်နဲ့တကွ စစ်ရာဇဝတ်ကောင်ပေါင်းများစွာကိုတန်းစီအရေးယူပြီး ဒီအစဥ်အလာကိုအပြီးတိုင်ရိုက်ချိုးပစ်ရမယ်။