အနောက်ပိုင်းစစ်ဌာနချုပ်အမ်းမြို့ကိုလဲ အေအေတပ်တော်က မကြာခင်ရရှိတော့မယ်ထင်တယ်။အမ်းမြို့တစ်ခုလုံးကိုသိမ်းပိုက်ထားနိုင်ပြီးသိမ်းစရာဆိုလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းတစ်ခုသာ ကျန်တော့တယ်လို့သိရတယ်။စစ်သူပုန်တွေကတော့ လေကြောင်းအကူအညီတွေနဲ့ ထိုဝန်းထဲမှာဆက်လက်ခုခံနေဆဲပဲ။အမ်းမြို့ကိုမကွေးတိုင်းဘက်ကမှ စစ်ကူအင်အားအမြောက်အများကိုအသေခံပြီး စစ်ကောင်စီကဆက်လက်ပို့ဆောင်နေဆဲပဲ။ထိုစစ်ကူစစ်ကြောင်းတွေကိုတော့ အေအေနဲ့မကွေးတိုင်းထဲက တော်လှန်ရေးတွေက အမ်းမြို့ထိရောက်မလာအောင် တားဆီးထားနိုင်ဖို့လိုတယ်။
ဒါ့အပြင်တပြိုင်နက်ထိုးစစ်ဆင်နေတဲ့ တောင်ဂုတ်မြို့ကိုလဲအေအေက သိမ်းပိုက်နိုင်လိုက်ပြီးမြို့ပြင်မှာကျန်နေသေးတဲ့စစ်ဌာနချုပ်တစ်ခု ဆက်လက်တိုက်ခိုက်နေတယ်။ဒီလကုန်လောက်မှာတော့ ပြည်မနဲ့လမ်းပန်းဆက်သွယ်ရေးအချက်အခြာကျတဲ့ အမ်းနဲ့တောင်ကုတ်မြို့ နှစ်ခုထဲကအနည်းဆုံးတစ်ခုကတော့ အေအေလက်ထဲ ရောက်လာတော့မယ်ထင်တယ်။