တောင်ကိုရီးယားနိုင်ငံမှာ သမ္မတကစစ်တပ်ကိုအာဏာလွဲပေးခဲ့တာကြောင့် အာဏာသိမ်းမှုဆန်ဆန်ဖြစ်ပွားခဲ့တယ်။ဒါပေမယ့်ညတွင်းချင်းပဲလွှတ်တော်အမတ်တွေနဲ့ ပြည်သူတွေညီညွတ်စွာတုန့်ပြန်ခဲ့ကြလို့ထိုဖြစ်ရပ်ဟာ လေးနာရီလောက်နဲ့ပဲအဆုံးသတ်သွားတယ်။တောင်ကိုရီးယားစစ်တပ်ဟာ သမ္မတပေးတဲ့အမိန့်တချို့ကိုဖီဆန်ခဲ့တာလဲပါတာပေါ့။ဒါ့အပြင်တောင်ကိုရီးယားစစ်သားတွေဟာ နိုင်ငံကိုချောက်ထဲဆွဲချမယ့်လုပ်ရပ်မျိုးကို အသိဥာဏ်ရှိစွာနဲ့မကျူးလွန်ကြဘူး။ဒါတောင်စတော့ရှယ်ယာစျေးကွက်မှာ ညတွင်းချင်းပဲရှယ်ယာစျေးတွေကျဆင်းကုန်ပြီး တောင်ကိုရီးယားငွေတန်ဖိုးပါထိုးကျသွားတယ်။နိုင်ငံရေးအလှည့်အပြောင်းဟာ စီးပွားရေးကိုချက်ချင်းထိတာပဲ။
မြန်မာနိုင်ငံမှာတော့အာဏာသိမ်းပြီးလေးနှစ်နီးပါးကြာတဲ့အချိန်အထိ တော်လှန်စစ်ကိုဆင်နွှဲနေရတုန်းပဲ။ဦးနှောက်မရှိ၊အာဏာကိုငမ်းငမ်းတက်လိုချင်နေတဲ့ မင်းအောင်လှိုင်လိုစစ်ဗိုလ်ချုပ်တွေကြောင့်တိုင်းပြည်လဲစုတ်ပြတ်သတ်နေပါပြီ။ဒီတော်လှန်စစ်ကြီးဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ပြီးဆုံးမလဲဆိုတာလဲအခုထိမှန်းဆမရသေးပါဘူး။တိုင်းပြည်ဟာအမှောင်ထဲမှာတဝဲလည်လည်နဲ့ ဆက်လက်ဖြတ်သန်းနေရဦးမှာပါ။