Youtube ကနေမြန်မာပြည်အကြောင်းရိုက်ထားတဲ့Documentary လေးတစ်ခုကြည့်ရတယ်။မြန်မာနိုင်ငံကိုလာလည်တဲ့နိုင်ငံခြားသားခရီးသွားတစ်ဦး ရိုက်ထားတာပါ။သူကဘန်ကောက်ကနေ မြန်မာပြည်ကိုလေကြောင်းကဝင်လာတယ်။မလာခင်မှာမြန်မာပြည်အကြောင်းလေ့လာထားလို့ လာဖို့လဲကြောက်နေတယ်။ဒါပေမယ့်လဲအတွေ့အကြုံတစ်ခုရအောင် အရဲစွန့်ပြီးလာခဲ့တာလို့ဆိုတယ်။သူသိထားတဲ့မြန်မာပြည်ဟာ ပြည်တွင်းစစ်ကြားမှာအတော်အခြေအနေ ဆိုးရွားနေပါတယ်။နိုင်ငံတကာကအခြားသူတွေလဲ ဒီလိုပဲသိထားကြတယ်။
ရန်ကုန်လေဆိပ်ကနေရန်ကုန်မြို့ကိုရောက်ပြီး မြို့တပတ်လည်ပြီးတော့ အခြေအနေတွေထင်ထားသလောက်မဆိုးဘူးလို့ သုံးသပ်ထားတယ်။ဒါပေမယ့်သူလည်ပတ်လို့ရတာကရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေလောက်ပါပဲ။စစ်ကိုင်း၊ရှမ်းမြောက်၊ရခိုင်စတဲ့ဒေသတွေကို သူသွားလို့မရပါဘူး။ထိုဒေသတွေကိုသွားခွင့်ရရင်တော့ မြန်မာပြည်ရဲ့ငရဲတွင်းတွေအကြောင်း သေချာသိသွားလိမ့်မယ်။ရန်ကုန်ကပြည်သူတွေကလဲ ကိုယ့်အပူတွေနဲ့ကိုယ်ရုန်းကန်နေရတာပါ။ဒီအချိန်မှာဘယ်သူမှ အေးအေးချမ်းချမ်းရှိမနေနိုင်ပါဘူး။