ကချင်ပြည်နယ်၊KIAထိန်းချုပ်နယ်မြေအတွင်းကျန်ရှိနေတဲ့ တစ်ခုတည်းသောနယ်စပ်ကုန်သွယ်ရေးစခန်းမြို့ဖြစ်တဲ့ ကန်တည်ပိုက်မြို့ကိုKIAကဒီနေ့မှာပဲအပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။မနက်အစောပိုင်းကမြို့ကိုစတင်ဝင်ရောက်တိုက်ခိုက်ပြီးနောက် ညနေစောင်းမှာရရှိခဲ့တာဖြစ်ပါတယ်။ထိုမြို့ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ တရုတ်နိုင်ငံဘက်ထွက်ပြေးသွားကြတယ်။ထိုမြို့ကိုKIAအနေနဲ့အရင်ကတည်းက အလွယ်တကူသိမ်းပိုက်လို့ရပေမယ့်တရုတ်က မသိမ်းဖို့ဖိအားပေးနေတာကြောင့်ကြန့်ကြာနေတာပါ။အခုလဲတရုတ်ဖိအားတွေကြားကပဲ ကန်တည်ပိုက်မြို့ကိုသိမ်းပိုက်ပြီးKIAအနေနဲ့ တရုတ်ဖိအားတွေကို ဂရုမစိုက်ကြောင်းပြသလိုက်တာပါပဲ။
ထိုမြို့ဟာတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်နိုင်တဲ့ ၈၈ခုမြောက်မြို့ဖြစ်လာတယ်။ရှမ်းမြောက်မှာတိုက်ပွဲတွေအောက်တိုဘာလဆန်းကတည်းက အရှိန်သေးသွားပြီးနောက်ပိုင်းမြို့တွေကို KIAကပဲတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်နေတာပါ။ဒါ့အပြင်ဒီလထဲမှာလဲရခိုင်ပြည်နယ်က အမ်း၊တောင်ဂုတ်နဲ့မောင်တောမြို့တွေထဲက တစ်မြို့လောက်လွတ်မြောက်လာဖို့မျှော်လင့်ရတယ်။