MNDAAအဖွဲ့ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်ဘက်ကဖမ်းဆီးထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။သူဟာပြီးခဲ့တဲ့လကုန်ပိုင်းက တရုတ်နိုင်ငံမှာတရုတ်အထူးကိုယ်စားလှယ်နဲ့ သွားရောက်တွေ့ဆုံပြီးနောက်ပိုင်းကိုးကန့်ဘက်ကို ပြန်မရောက်လာတော့ပါဘူး။ကိုးကန့်တပ်တွေကိုအတင်းအကြပ်ဖိအားပေးနေတဲ့ တရုတ်ဟာ ကိုးကန့်တပ်ခေါင်းဆောင်ကိုဖမ်းဆီးထားပြီး လားရှိုးကိုစစ်ကောင်စီကိုပြန်ပေးဖို့ အကြပ်ကိုင်နေပါတယ်။ကိုးကန့်တပ်တွေဘက်ကတော့ ဘယ်လိုအခြေအနေမျိုးဖြစ်စေလားရှိုးက ဆုတ်ခွာမပေးဘူးလို့ပြောထားတယ်။ဒါပေမယ့်လဲ သူတို့ခေါင်းဆောင်အသက်အန္တရာယ်ရှိနိုင်တာကြောင့် လားရှိုးကဆုတ်ခွာသွားတာမျိုးလဲဖြစ်နိုင်ပါတယ်။လားရှိုးက MNDAAတို့ဆုတ်ပေးလိုက်ရင် ပြင်ဦးလွင်လားရှိုးလမ်းပေါ်ကTLNAသိမ်းပိုက်ထားတဲ့ နောင်ချို၊ကျောက်မဲ၊သီပေါမြို့တို့ကိုTLNAကပါဆုတ်ပေးရမှာပါ။အခြေအနေတွေက ထင်သလောက်မလွယ်ပါဘူး။ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ။
နိုဝင်ဘာ ၁၈၊ ၂၀၂၄။ (တနင်္လာ)
နွေဦးတော်လှန်ရေးကတော့ စစ်ကောင်စီကိုလောက်ပဲမဟုတ်ပဲ တရုတ်ကိုပါ ရင်ဆိုင်နေရပါပြီ။ MNDAA...