ကချင်လွတ်မြောက်ရေးတပ်မတော်KIAကို ပီးခဲ့တဲ့ရက်ပိုင်းအတွင်းတရုတ်ကစစ်ကောင်စီကို တိုက်နေတဲ့ထိုးစစ်တွေရပ်တန့်ဖို့ ဖိအားပေးခဲ့တယ်။ဒါပေမယ့်KIAက လက်မခံခဲ့ပါဘူး။ထိုဖြစ်ရပ်အပြီးမှာ ဒီနေ့ကစပြီးတရုတ်ဟာ မြန်မာပြည်နဲ့ထိစပ်နေတဲ့နယ်စပ်ဂိတ်တွေ အကုန်လုံးကို ပိတ်ချလိုက်ပါတယ်။ကချင်ပြည်နယ်KIAထိန်းချုပ်နယ်မြေအတွင်းက ဂိတ်တွေ၊ရှမ်းမြောက်MNDAAထိန်းချုပ်နယ်မြေထဲက ဂိတ်တွေအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ဂိတ်တွေပါ ပိတ်လိုက်တာပါ။ဘာကုန်ပစ္စည်းမှအဝင်အထွက် ပေးမလုပ်တော့ပါဘူး။ဒါ့ကြောင့်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ လုံးဝရပ်တန့်သွားပါတယ်။
ပီးခဲ့တဲ့ရက်တွေကမန္တလေးက တရုတ်စစ်ကောင်စစ်ဝန်ရုံးဗုံးနဲ့အပစ်ခံရသေးတယ်။လူထိခိုက်မှုမရှိပေမယ့်အဆောက်အဦးအနည်းငယ်တော့ ပျက်စီးသွားတယ်။ဘယ်သူ့လက်ချက်မှန်းတော့ မသိသေးပါဘူး။ထိုဖြစ်ရပ်တွေအပြီးမှာ နယ်စပ်ဂိတ်တွေပိတ်ဆို့မှုတွေဖြစ်လာတာပါ။တရုတ်ဟာမြန်မာ့အရေးမှာ သိသိသာသာဝင်ရောက်စွက်ဖက်လာတာကို တွေ့နေရပါပြီ။