ဘုတလင်ဖြစ်ရပ်ဟာ အတော်ရက်စက်ကြမ်းကြုတ်လှပါတယ်။စစ်ကြောင်းထိုးလာတဲ့စစ်သူပုန်တွေဟာ လူမဟုတ်ပဲ ခွေးတိရိစ္ဆာန်တွေသာဖြစ်တယ်။စစ်သူပုန်တွေဘုတလင်ကို စစ်ကြောင်းမထိုးခင်မှာအကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်း မုံရွာကိုလာသွားတယ်။သူ့ရဲ့ညွန်ကြားမှုကြောင့်သာ အဆိုပါစစ်ကြောင်းဖြစ်ပေါ်လာတာဖြစ်တယ်။ဒါ့ကြောင့် ဘုတလင်မှာဖြစ်ခဲ့တဲ့၊ဖြစ်နေဆဲလူမဆန်တဲ့ရက်စက်ကြမ်းကြုတ်မှုတွေမှာ စိုးဝင်းနဲ့မင်းအောင်လှိုင်ဟာ အဓိကတာဝန်ရှိသူတွေဖြစ်တယ်။
ရေပေါ်ဆီလူတန်းစားတွေနဲ့ မြို့နေလူထုအချို့ကတော့ထိုဖြစ်ရပ်ကို မသိလိုက်ကြပါဘူး။ဆိုရှယ်မီဒီယာတွေနဲ့သတင်းတွေမှာမယ်ပြိုင်ပွဲအကြောင်းတွေသာ လွမ်းမိုးလျက်ရှိတယ်။နေရာပေါင်းစုံမှာ စုတ်ပြတ်နေတဲ့နိုင်ငံတစ်ခုမှာမယ်ပြိုင်ပွဲက အရှုံးအနိုင်နဲ့သတင်းတွေဟာ အရေးမပါလှပါဘူး။ဒါပေမယ့်အများစုကတော့ ထိုသတင်းတွေကိုသာစိတ်ဝင်စားကြပြီး ကိုယ့်နိုင်ငံကငရဲတွင်းတွေအကြောင်းကိုတော့ မေ့လျော့နေကြတယ်။