မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အားပေးနိုင်မှုအခြေအနေဟာ ပိုမိုဆိုးရွားလာနေပါပြီ။ရေအားလျှပ်စစ်အပြည့်အဝထုတ်လုပ်နိုင်တဲ့ မိုးရာသီမှာတောင်ဓာတ်အားပြတ်တောက်မှုတွေ ဆိုးရွားလာနေတယ်။အာဏာသိမ်းကာစကမိုးရာသီဆိုရင်တစ်နိုင်ငံလုံးကို၂၄နာရီဓာတ်အားအပြည့်ပေးနိုင်ခဲ့တယ်။နောက်ပိုင်းနှစ်တွေမှာတော့ နေ့ပိုင်းတွေမှာအလှည့်ကျ ဓာတ်အားပေးလာရပြီး ညပိုင်းတွေကိုတော့မီးမှန်အောင်ပေးထားတယ်ပေါ့။ဒီနှစ်မှာတော့မိုးရာသီမှာတောင် နေ့ရောညပါအလှည့်ကျစနစ်နဲ့မီးပေးနေရတယ်။နောက်လကစပြီး မနက်အစောပိုင်းတွေပါ မီးပျက်တော့မှာပါ။မနက်အစောကြီးလျှပ်စစ်မီးမရတဲ့အတွက် အလုပ်သမားတွေ၊ကျောင်းသားတွေ မနက်စာထမင်းဘူးအတွက် ချက်ပြုတ်ဖို့ဒုက္ခရောက်ကြတော့မယ်။ဒါဟာရန်ကုန်က အခြေအနေပဲရှိပါသေးတယ်။ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာဆိုတနေ့ရှစ်နာရီတောင် လျှပ်စစ်မီးမရတော့ပါဘူး။အခြားနယ်မြို့တွေကတော့ ဆိုဖွယ်ရာမရှိတော့ဘူး။
တနိုင်ငံလုံးရေတွေကြီးပြီး ရေအားလျှပ်စစ်ထုတ်ပေးနေတဲ့ဆည်တွေ ရေလျှံနေတာတောင် ဓာတ်အားအပြည့်အဝမပေးနိုင်တာ အတော်စိတ်ပျက်စရာကောင်းတယ်။ဒါ့အပြင်စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့တွေကိုလဲ ဓာတ်အားဖြတ်တောက်ထားသေးတယ်။ထိုမြို့တွေက ပိုလျှံလာတဲ့ဓာတ်အားတွေက ဘယ်ရောက်ကုန်ပြီလဲ။အခုလိုမိုးရာသီမှာတောင် ဒီလိုတွေဖြစ်နေရင်လာမယ့်နွေရာသီမှာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလုံးဝပြတ်တောက်သွားမယ့်အခြေအနေ ရောက်လာတော့မယ်ထင်တယ်။