စစ်မှုထမ်းဖို့အတွက် အတင်းအဓ္ဓမပေါ်တာဆွဲမှုတွေဟာ မန္တလေးတိုင်းတင်မကတော့ပဲစစ်ကောင်စီအာဏာရပ်ဝန်းသက်ရောက်တဲ့ ဒေသတိုင်းလိုလိုမှာဖြစ်ပေါ်လာပါပြီ။အရင်ရက်တွေကမန္တလေးတိုင်းကျောက်ဆည်၊စဉ့်ကိုင်၊တံတားဦးမြို့တွေကလမ်းဆုံတွေမှာ လူငယ်တွေကိုအတင်းအဓ္ဓမ ကားပေါ်တင်ဆွဲခေါ်နေတယ်။နောက်ပိုင်းမှာတော့ အိမ်တွေထဲထိလိုက်ဆွဲနေပါတယ်။တမြို့နယ်ကိုလူအရောက်၂၀၀ကျော် ရအောင်ရှာမယ်လို့သိရတယ်။ပေါ်တာဆွဲခံရတဲ့အတချို့တွေကိုငွေပေးနိုင်ရင်တော့ ပြန်လွတ်ပေးတယ်။ငွေကသိန်း၅၀ကျော်ပေးရတယ်။ပြည်သူတွေကို ပြန်ပေးဆွဲသလိုမျိုးပြုမူနေတာပါ။နောက်ပိုင်းမှာ မန္တလေးတိုင်းတင်မကတော့ပဲပဲခူးတိုင်း၊ဧရာဝတီတိုင်းစတဲ့တိုင်းဒေသကြီးတွေကကျေးရွာတွေမှာပါ ဆက်တိုက်ပြုလုပ်လာနေပါပြီ။စစ်အင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီဟာလူငယ်တွေအကုန် ပေါ်တာဆွဲစစ်တိုက်ခိုင်းဖို့လုပ်နေပါပြီ။
ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ) ရန်ကုန်မှာပေါ်တာဆွဲမှုတွေဟာ...