လားရှိုးမြို့ကိုသိမ်းပိုက်ပြီးသုံးရက်ခန့်အကြာမှာ ပြင်ဦးလွင်/လားရှိုးလမ်းပေါ်ကကျောက်မဲမြို့ကို TLNAကသိမ်းပိုက်လိုက်ပါတယ်။ထိုမြို့ကိုဇွန်လကုန်ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီးအခုမှရရှိလိုက်တာပါ။လားရှိုးကျသွားပြီးနောက် ကျောက်မဲကစစ်ကောင်စီတပ်တွေလဲ စိတ်ဓာတ်ကျကုန်ပြီးအပြင်းအထန်မခုခံကြတော့ပါဘူး။ ဒါ့ကြောင့်ပြင်ဦးလွင်နဲ့လားရှိုးကြားမှာ တော်လှန်တပ်ဖွဲ့သိမ်းစရာဆိုလို့သီပေါမြို့သာ ကျန်ရှိတော့တယ်။သီပေါမြို့ကိုရပြီးသွားရင် တပ်မြို့ဖြစ်တဲ့ပြင်ဦးလွင်ဟာနောက်ထပ်ဖြစ်ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမှာဆိုရင် တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မူဆယ်မြို့နဲ့သီပေါမြို့သာ သိမ်းဖို့ကျန်ပါတော့တယ်။ထိုမြို့တွေကိုလဲ ဒီလမကုန်ခင်ရရှိလိမ့်မယ်ထင်တယ်။