Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်

ကာ/လုံဟု အများခေါ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယာယီသမ္မတရာထူးလွှဲ ယူထားသည့် စစ်ခေါင်းဆောင် ဦးဆောင်ကာ ယမန်နေ့က ကျင်းပခဲ့ပြီး လုံခြုံရေး၊ ရွေးကောက်ပွဲ၊ သန်းခေါင်ဆောင်စာရင်း ကောက်ယူရေးအကြောင်းပြ၍ အရေးပေါ်ကာလသက်တမ်း ၆ လထပ်တိုးကြောင်း ကြေညာသည်။

August 10, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ကာ/လုံဟု အများခေါ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယာယီသမ္မတရာထူးလွှဲ ယူထားသည့် စစ်ခေါင်းဆောင် ဦးဆောင်ကာ ယမန်နေ့က ကျင်းပခဲ့ပြီး လုံခြုံရေး၊ ရွေးကောက်ပွဲ၊ သန်းခေါင်ဆောင်စာရင်း ကောက်ယူရေးအကြောင်းပြ၍ အရေးပေါ်ကာလသက်တမ်း ၆ လထပ်တိုးကြောင်း ကြေညာသည်။

ထိုအစည်းအဝေးသည် ရွေးကောက်ခံ သမ္မတများ မပါဝင်ဘဲ ပထမဆုံးကျင်းပသည့် ကာ/လုံအစည်းအဝေးဖြစ်ခဲ့ပြီး တပ်ချုပ်၊ ဒုတပ်ချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် အထူးဖိတ်ကြားထားသူ အဖြစ် စစ်ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့သာ တက်ရောက်ခဲ့ကြသည်။

စစ်တပ်လွှမ်းမိုးထားသည့် ထိုအစည်းအဝေးတွင် တဦးတည်းသော အရပ်သားဖြစ်သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား အထူးဖိတ်ကြားသူအဖြစ်သာ ခေါင်းစဉ်တပ်ထားသည်ကိုလည်း တွေ့ရသည်။

ကာ/လုံအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) များ၏ တိုက်ခိုက် မှုကြောင့် နယ်မြေတည်ငြိမ်သည့်အခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပရေး ပြင်ဆင်နေမှုနှင့် သန်းခေါင်စာရင်း ကောက်ယူ ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အရေးပေါ်အခြေအနေကြေညာထားမှုအား ၆ လသက်တမ်းတိုးရန် စစ်ခေါင်းဆောင်က တင်ပြခဲ့သည်။

၎င်း၏ တင်ပြမှုအပေါ် အစည်းအဝေးတက်သူအားလုံးက ကန့်ကွက်သူမရှိ ထောက်ခံကြောင်းပြောဆိုခဲ့ပြီး တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရေးအတွက် လုံလောက်သည့်အချိန် ရယူရန် လိုကြောင်း တင်ပြကြသလို စစ်ခေါင်းဆောင်ကလည်း ကာ/လုံအဖွဲ့ဝင်များ၏ အဆိုပြုချက်များအား သဘောတူပါကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

ယခုတကြိမ်သက်တမ်းတိုးမှုသည် ၆ ကြိမ်မြောက်ဖြစ်ပြီး ၎င်းတို့၏ အန္တိမရည်မှန်းချက်ဖြစ်သော ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရေး ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

“မူလရည်ရွယ်ချက်သည် အရေးပေါ်ကာလ ၂ နှစ်ပြီးပါက ရွေးကောက်ပွဲကျင်းပပေးရန်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပ ရန် မည်သို့မျှ အခြေအနေမပေးသောကြောင့် သက်တမ်းကာလ ၂ နှစ်ပြည့်ပြီးနောက် အရေးပေါ် အခြေအနေ ထပ်မံ ကြေညာခဲ့ရကြောင်း၊ ရွေးကောက်ပွဲကျင်းပရေးသည့် မိမိတို့အစိုးရ၏ မည်သည့်အခါမျှ မပြောင်းလဲသော ရည်မှန်းချက်ပင် ဖြစ်သည်” ဟု ၎င်းကဆိုသည်။

ထိုသို့ ရွေးကောက်ပွဲနှင့် လုံခြုံရေးအကြောင်းပြ၍ အရေးပေါ်ကာလ သက်တမ်းတိုးနေမှုနှင့် စစ်ခေါင်းဆောင်က ယာယီ သမ္မတ ရာထူးလွှဲပြောင်းရယူမှုများသည် စစ်တပ်က တရားသေ ဆုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပင် မကိုက်ညီကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက ပြောသည်။

“ယာယီသမ္မတ ၁ဦးက နောက်ထပ် ယာယီသမ္မတ ၁ဦးကို လွှဲပြောင်းပေရမယ်ဆိုတာ ဥပဒေထဲမှာ ပါကိုမပါဘူး။ ဒါကြောင့် ဦးမြင့်ဆွေကနေ ဦးမင်းအောင်လှိုင်ကို ယာယီသမ္မတအဖြစ် ရွေးချယ်လိုက်တာသည် ဥပဒေနဲ့အညီ ဟုတ်ကို မဟုတ်ဘူး။ အလားတူပဲ ဥပဒေနဲ့ အညီမဟုတ်ဘဲနဲ့ ရယူထားတဲ့ ယာယီသမ္မတကနေမှ နောက်ထပ် ကာ/လုံအစည်းအဝေး ခေါ်ယူပြီး တော့မှ န.စ.က ရဲ့ သက်တမ်း နောက်ထပ် ၆ လထပ်တိုးတာသည် ဥပဒေနဲ့ အညီမဟုတ်ဘူးလို့ပဲ မြင်တယ်။ သူတို့လေးစား လိုက်နာပါတယ်ဆိုတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု သူက ထောက်ပြသည်။

စစ်ခေါင်းဆောင်အနေဖြင့် ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးကို အကြောင်းပြ၍ ယာယီသမ္မတနေရာဝင်ယူမှုနှင့် ကာ/လုံအစည်းအဝေး ဦးဆောင်ကာ အရေးပေါ် ကာလသက်တမ်းတိုးမှုသည့် အရှက်ကင်းမဲ့သည့်လုပ်ရပ်သာဖြစ်ပြီး အာဏာဆက်လက်တည်မြဲရေးအတွက် ကိုယ်တိုင်သက်တမ်းဆက်ရသည့် စနစ်ကဲ့သို့ဖြစ်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ပြောသည်။

၎င်းက “ဒီသုံးနှစ်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဆိုရင် မင်းအောင်လှိုင် လက်ထက်မှာမှ မြန်မာစစ်တပ်မှာ မရှုံးဘူးတဲ့ စစ်ရှုံးမှုမျိုး ဖြစ်လာတယ်၊ တပ်တွင်းပြိုကွဲမှုတွေကလည်း အဆမတန်များလာတယ်။ ရှေ့ကနေ သူ့ကိုယ်သူသာ သမ္မတ လုပ်နေတာ၊ တရားမဝင်တဲ့ သမ္မတ၊ တရားမဝင် အစိုးရ၊ နောက်ဆို တရားမဝင်တဲ့ တပ်မတော်၊ တရားမဝင်တဲ့ စစ်တပ်ကြီး ပါ ဖြစ်လာဖို့အတွက် သူက ရှေးရှုနေတာ။ဒီ ၆ လအတွင်းမှာ စစ်တပ်ဟာ ထပ်ပြီးတော့ စစ်ရှုံးမှုတွေအများကြီး ဖြစ်ဦးမယ်၊ နိုင်ငံကိုလည်း နောက် ၆ လအထိ ချောက်ထဲကို ဆက်ခေါ် သွားဦးမယ်လို့မြင်ပါတယ်” ဟု ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်ကလည်း အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း အသက် ၆၅ နှစ်ပြည့်ပါက တပ်ချုပ်ရာထူးက အနားယူရမည့် သတ်မှတ်ချက်ကိုလည်း ပယ်ဖျက်ကာ သူ၏ တပ်ချုပ်ရာထူးသက်တမ်းအား အကန့် အသတ်မရှိ ပြုလုပ်ခဲ့သဖြင့် ထိုနှစ် ဇူလိုင်လတွင် အသက် ၆၅ နှစ်ပြည့်ခဲ့သော်လည်း တပ်ချုပ်သက်တမ်းတိုးကာ အာဏာ ကို ဆက်လက်ချုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းအာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်တပ်သည် စစ်ရေးအရ ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့ပြီး အရေးကြီး၍ မဟာဗျူဟာကျသည့် နေရာများ၊ တပ်ရင်းဌာနချုပ်များနှင့် မြို့အချို့ကို လက်လွှတ်ခဲ့ရသည်သာမက တိုင်းစစ်ဌာနချုပ်ကြီး များပင် တိုက်ခိုက်ခံနေရပြီ ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာကလည်း စစ်ခေါင်းဆောင်အား နိုင်ငံတကာက အသိအမှတ်မပြုသကဲ့သို့ အာဆီယံအစည်းအဝေးများ တွင်လည်း နိုင်ငံ့ခေါင်းဆောင်အနေဖြင့် တက်ရောက်ခွင့်မရှိသည့်အပြင် စီးပွားရေးကဏ္ဍတွင်လည်း ပိတ်ဆို့အရေးယူမှုများ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအများအပြား တစစထွက်ခွာသွားသောအခြေအနေများဖြင့် အကျပ်အတည်းကြုံလျက်ရှိနေသည်။

စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှုသည် အကျပ်အတည်းများမှ ထွက်ပေါက်ရှာနေခြင်းသာဖြစ်ပြီး ၎င်းတို့အာဏာဆက်လက် တည်မြဲရေးအတွက် ဥပဒေများအား လျစ်လျူရှု လုပ်ဆောင်နေသည့်အတွက် စစ်တပ်အား အပြီးတိုင် ဖယ်ရှားနိုင်မှသာ ပြဿနာများပြေလည်နိုင်မည်ဖြစ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က သုံးသပ်သည်။

၎င်းက “သူတို့လုပ်ချင်တာ လုပ်နေတာပဲ၊ အပြတ်ရှင်းမှပဲရမယ်၊ ဖယ်ချနိုင်မှပဲရမယ်၊ ဖယ်မချနိုင်သရွေ့ ကတော့ သူတို့ လုပ်ချင်တာတွေ လုပ်နေမှာပဲ၊ အဓိကတော့ ဘယ်လိုအာဏာဆက်မြဲမလဲ ၊ ဒီနေရာကနေ သူတို့ဘယ်လိုဆုတ်လို့ရမလဲ စဉ်းစားနေပုံရတယ်၊ ဒီကနေ့ လက်နက်ကိုင်အင်အားစုတွေရဲ့ အရှိန်အဟုန်က အားကောင်းနေတယ်၊ ဒီလိုအခြေအနေမျိုး က ဘယ်လိုပြန်ထွက်လို့ရမလဲလို့ သူတို့ကြိုးစားနေပုံရတယ်” ဟု ပြောသည်။

စစ်ရေးအရ နယ်မြေထိန်းချုပ်မှုများစွာ လက်လွှတ်ခဲ့ရသည့် စစ်ကောင်စီက ရွေးကောက်ပွဲအား ဒေသအလိုက် လုံခြံရေး အပေါ်မူတည်ကာ ကျင်းပနိုင်သည့်နယ်မြေများတွင် အရင်ကျင်းပမည်ဖြစ်ပြီး ကျန်နယ်မြေများအား လုံခြုံရေးကောင်း မွန်အောင် ဆောင်ရွက်ပြီးမှသာ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာ/လုံ အစည်း အဝေးတွင် ပြောခဲ့သည်။

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English