မိုးကုတ်မြို့ကိုသိမ်းပိုက်ပီးသိပ်မကြာခင်မှာပဲ ရှမ်းမြောက်နဲ့ကချင်အစပ်ကမိုးမိတ်မြို့ကို တော်လှန်ရေးအဖွဲ့တွေထပ်မံသိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုမြို့ကိုသိမ်းပိုက်နိုင်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ရှမ်းမြောက်နဲ့ကချင်ပြည်နယ်ကိုအတားအဆီးမရှိသွားလာနိုင်တော့မှာပါ။ကချင်ပြည်နယ်မှာတော့ရေဘေးကြောင့်KIAကထိုးစစ်တွေ ခဏရပ်တန့်ထားပါတယ်။လားရှိုးမြို့ပေါ်မှာတော့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်။MNDAAတပ်ဖွဲ့တွေဟာလားရှိုးလေဆိပ်ကိုသိမ်းလိုက်ပြီးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝန်းထဲကို တောင်ထိုးဖောက်ဝင်ရောက်နေပါပြီ။လားရှိုးကိုသိပ်မကြာခင်မှာပဲ အလုံးစုံသိမ်းပိုက်နိုင်တော့မယ်ထင်ပါတယ်။
ဇွန် ၂၃၊ ၂၀၂၅။ (တနင်္လာ)
ရှမ်းမြောက်မှာ MNDAAသိမ်းပိုက်ထားတဲ့လားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးလိုက်ရပြီးနောက်သိန္ဒီမြို့ကိုပါ ပေးရဦးမယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။သေချာပြီမဟုတ်သေးပေမယ့်...