တနိုင်ငံလုံးမှာမိုးသည်းထန်စွာရွာသွန်းနေပြီးမြစ်ရေတွေကြီးနေတာကြောင့် ရေကြီးရေလျံမှုတွေဖြစ်ပေါ်နေတယ်။အရင်ရက်တွေက နိုင်ငံမြောက်ပိုင်းမှာရေကြီးပြီး နောက်အခုဆိုရင်တနိုင်ငံလုံးနီးပါးဖြစ်နေပါပြီ။စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်စတဲ့ဒေသတွေမှာ ဒေသခံအများအပြားရေဘေးကြုံနေကြရတယ်။ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလဲ ပြည်သူတွေအချင်းချင်းကိုယ်ထူကိုယ်ထလုပ်ဆောင်နေရတယ်။စစ်ကောင်စီကတော့ရေဘေးအတွက် ဘာမှဆောင်ရွက်ပေးတာမျိုးမရှိတဲ့အပြင် ဒုက္ခတွေပါထပ်ပေးနေသေးတယ်။ကရင်ပြည်နယ်ထဲမှာရေဘေးသင့်ပြည်သူအတွက် အကူအညီတွေကိုစစ်ကောင်စီကပေးပို့ခွင့်မပေးပဲ တားဆီးထားသလိုကယားပြည်နယ်ထဲမှာလဲမိုးဗြဲဆည်ကို ဖောက်ချလိုက်တာကြောင့်လယ်ဧကအများအပြားရေနစ်မြုပ်သွားပြီးဒေသခံတွေနဲ့ စစ်ရှောင်စခန်းတွေကပြည်သူထောင်နဲ့ချီပြီးဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်။ဒီနှစ်ရေကြီးမှုဟာ၂၀၁၄ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုပြီးရင်အဆိုးရွားဆုံးလို့ပြောလို့ရတယ်။စစ်ကောင်စီလက်ထက်မှာ ဒီလိုမျိုးသဘာဝဘေးအန္တရာယ်တွေဖြစ်လာတော့ ပြည်သူတွေပိုပြီးဒုက္ခရောက်ကြရတာပေါ့။
ဇန်နဝါရီ ၀၄၊ ၂၀၂၅။ (စနေ)
ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်နဲ့မန္တလေးနေပြည်တော်မြို့ကြီးတွေအလှည့်ကျဝန်အားလျော့ ဓာတ်အားပေးမည့်အစီအစဥ်အသစ်တစ်ခုကို စစ်ကောင်စီကစတင်လိုက်ပါပြီ။ရန်ကုန်ကို လျှပ်စစ်မီးလေးနာရီလာ၊၈နာရီပျက်စနစ်နဲ့ဓာတ်အားပေးမှာဖြစ်ပြီး...