ဒီရက်ပိုင်းfacebook သုံးတဲ့နေရာမှာ VPN တွေသုံးမရဖြစ်နေတယ်။ Facebook သုံးရင် VPN နဲ့သုံးနေရတာ အာဏာသိမ်းပြီးကတည်းကပါ။ စစ်ကောင်စီဟာ တော်လှန်ရေးသတင်းအချက်အလက်တွေ အတားအဆီးမရှိ စီးဆင်းမှာစိုးလို့ Facebook ကို အဲ့ဒီအချိန်ထဲကပိတ်ထားခဲ့တယ်။ အဲ့ဒီတော့ ပြည်သူ တွေက VPN တွေခံပြီးဆက်သုံးကြတယ်။ အခုတော့လူသုံးများတဲ့ VPN တွေအကုန် သုံးမရသလောက် ဖြစ်နေတယ်။ အင်တာနက်လိုင်းတွေ နှေးကွေးနေတာကြောင့်လား၊ ဘာလားနဲ့ သို့လောသို့လောတွေ ဖြစ်ကုန်ကြတယ်။ ဒါဟာစစ်ကောင်စီလုပ်နေတာလဲဖြစ်နိုင်တာပဲ။ ဒီနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ယက်က Facebook ဖြစ်တဲ့အတွက်ကြောင့် Facebook ကိုပိတ်ပင်ဖို့ စစ်ကောင်စီဘက်ကလဲ တစိုက်မတ်မတ်ကြိုးစားနေတယ်လို့သိရတယ်။ ခုလောလောဆယ်တော့ VPN တွေသုံးမရတဲ့ အကြောင်းရင်းကို သေချာမသိသေးပါဘူး။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


