ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း မူးယစ်ဆေးဝါးများသည် စျေးပေါစွာဖြင့် အလွယ်တကူ ဝယ်ယူနိုင်နေတယ်။ မူးယစ်ဆေးဝါးများရောင်းချမှုများကို ရဲများအား လိုင်းကြေးပေးထား ပါက ဖမ်းဆီးမှုပင် မခံရတော့ဘူး။စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးများ ပို၍ပင် စျေးလျော့ လာခဲ့ပြီး ရန်ကုန်မြို့ရှိ လူစည်ကားသော မီးပွိုင့်များ၌ပင် အလွယ်တကူ ဝယ်ယူရရှိနေတယ်။ WY တစ်လုံး နှစ်ထောင်လောက်ကနေ အခုဆို ဘယ်မှာ သွားရှာဝယ်ဝယ် တစ်လုံးတစ်ထောင်နဲ့ ရနေပြီ။ ဒေါ်လာစျေး ဘယ်လောက်တက်တက် ထို မူးယစ်ဆေးဝါးများမှာ စျေးမတက်ဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက် ထိုကဲ့သို့ မူးယစ်ဆေးဝါးများ ပေါများလာသဖြင့် လူငယ်အများအပြား မူးယစ်ဆေးသုံးစွဲမှု နွံထဲ နစ်မြုပ်ရသည့် အခြေအနေများလည်း ပိုများလာနေတယ် ။စစ်ကောင်စီဟာ လူငယ်တွေ နိုင်ငံရေးဘက် စိတ်မဝင်စားလာအောင် အရာအားလုံးကို ဖျက်ဆီးနေတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...