ရခိုင်မြောက်ပိုင်းမြို့တွေ အားလုံးနီးပါးကို သိမ်းပိုက်ပြီးနောက်မှာ ရခိုင်တောင်ပိုင်းမှာလဲ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။ အထူးသဖြင့်သံတွဲမြို့နဲ့အမ်းမြို့မှာပေါ့။ သံတွဲမြို့ဆိုရင် ကမ္ဘာကျော်ငပလီ ကမ်းခြေရှိတဲ့ မြို့ဖြစ်ပြီး အရင်ကတိုက်ပွဲတွေ လုံးဝမဖြစ်ဖူးပါဘူး။ ဒီပုံစံအတိုင်းဆိုရင် ရခိုင်ပြည်နယ်မှာ တိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့ကိုအရင်သိမ်းနိုင်မလား၊ မြို့တော်စစ်တွေကို အရင်သိမ်းနိုင်မလား လောင်းကြေးဖွင့်ရမယ့် အခြေအနေဖြစ်နေပြီ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...